စိန်ပန်းပြာတွေ မြင်တော့ ကိုကို့ကိုသတိရမိသားးးးဆိုင်ကယ်လေး ဘေးကပ်ရပ်ကာ စိန်ပန်းပင်အောက် ခြေလှမ်းကလေးလှမ်းသွားလိုက်သည်။အပင်ရင်းရောက်သည်နှင့်ကြွေကျနေသည့် စိန်ပန်းပြာလေးကောက်ကာ ရင်ဘတ်က စတစ်ကော်လာနဲ့ အင်္ကျီက အိတ်ထောင်မှာ ကပ်လိုက်သည်။ အပြုံးတစ်ပွင့် ဆင်မြန်းကာ ကိုကို ဂျစ်တူးရဲ့ စိတ်ဆိုးနေတဲ့ မျက်နှာကလေး မြင်ယောင်လာသည်။
"ကိုကို စိန်ပန်းပင်တွေ သိပ်သဘောကျတာမလား လွန်ခဲ့တဲ့လကဘဲ ကိုကိုပင်းတယမပြန်ခင် စကားများခဲ့ကြသေးတယ် ဟင်းးးသတိရလိုက်တာ"
ဂျီမင် လွယ်အိတ်ထဲက ဖုန်းလေးထုတ်ကာ ဖုန်းကောက်ဆက်လိုက်သည်။
"မောင်...."
အသံကြားရတာနဲ့ အေးချမ်းနေပါပြီ ဒီလူက ကိုကို့ကို အသက်ထက်မြတ်နိုးမိပြီထင်တယ်
"ကိုကို အားရဲ့လား"
ထယ်ယောင်းပြုံးလိုက်မိသည်။
"မအားရင် မောင်က ဖုန်းချမှာလား"
"မောင်လွမ်းလို့ပါ"
ရေခဲတုံးက အခုလို ရိုပြတော့ ထယ်ယောင်းကျေနပ်မိသလို နွေးထွေးမိသည်။မောင့်ကို တကယ်ဆို သူလည်းသတိရနေတာ ခဏနေဖုန်းခေါ်မယ်တွေးနေတုန်း ဖုန်းဝင်လာတာမလားးး
"ကိုကို အခုဓာတ်ပုံပြိုင်ပွဲအတွက် လယ်ကွင်းတွေဘက် နေတယ်"
ဂျီမင် အဘိုးကို သတိရလိုက်မိသည်။
"ကိုကို..."
"အင်း"
"မောင့် ဘိုးဘိုးဆီ အလည်သွားပါ့လား ကိုကို ရွာငံဘက်ရောက်မယ်မလား"
ထယ်ယောင်းလည်းအခုမှသတိရသည်။ဒါပေမယ့်သူဘယ်လို မိတ်ဆက်ပြီး အလည်သွားရမှာလဲ
"မောင့်အဘိုးနဲ့ ကိုကိုတွေ့ချင်ပါတယ် အခုတော့မတွေ့သေးဘူး တစ်နေ့ကြမောင်နဲ့အတူ လိုက်တွေ့မယ်နော်"
ဂျီမင်ခေါင်းလေးအသာငြိမ့်မိသည်။သူနားလည်သည်။ကျောင်းပြီးတာနဲ့ ကိုကို့ကို သူဘိုးဘိုးဆီခေါ်သွားမည်။
"ကိုကို "
"ပြောလေ မောင်"
"စိန်ပန်းပြာတွေ အများကြီးမရှိတော့ပေမယ့် နည်းနည်းကျန်သေးတော့ စောဏကဘဲ ကောက်လိုက်သေးတယ် အခု စိန်ပန်းပြာလေးက မောင့်ရင်ဘတ်မှာ"
YOU ARE READING
you are cool
Fanfictionမောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြတ်နိုးခြင်းတွေပါ အချစ်ထဲပေါင်းစပ်ထားတာမို့