Ⓔⓛⓔⓥⓔⓝ

194 18 3
                                    

မနက်အိပ်ယာနိုးသည်နှင့် သိလိုက်ရတာ သူဆိုဖာပေါ်ရောက်နေသည်ဆိုတာဘဲ မောင်နေရာပြောင်းပေးလိုက်တာနေမှာမို့ အိပ်နေတာက ထကာ ဘေးဘီယာကြည့်ကြည့်တော့ မောင့်ကိုမတွေ့ပေ။အိမ်ရှေ့ကပြင်မှာ ရေကန်အလွတ်‌ရှိ၍ အဲ့မှာဘဲ သွားတိုက်မျက်နှာသစ်လိုက်သည်။

မောင် လက်ထဲမှာစားစရာတွေ ကိုင်ကာ ခြံထဲတင်လာသည်။

"ကိုကို မနက်စာစားရအောင်"

မောင်က တစ်ခွန်းဘဲပြောပြီး အိမ်ထဲဝင်သွားသည်။

မောင်ကိုယ်တိုင်ပြင်ထားပေးတဲ့မနက်စာ ထယ်ယောင်းဝင်စားလိုက်သည်။

"ကြာဇံဟင်း တစ်ပွဲ၇၀၀တဲ့ အများကြီးဘဲနော်ကိုကို... ကိုကိုကြိုက်တယ်မလား"

ထယ်ယောင်း မောင့်ကို ခဏငေးလိုက်မိသည်။မောင်က ချိုမြမြအပြုံးနဲ့သူ့ကိုနွေးထွေးစေသည်။မနေ့က သူပြောတဲ့စကား မမှတ်မိတော့တာလား တမင်မသိချင်ယောင်ဆောင်တာလားးးး

ကိုယ်က အချော့ခံချင်တယ် ဒါ‌ကြောင့် စကားပြန်မပြောဘဲ မြန့်ဘဲစားနေလိုက်သည်။မောင်ကတော့လက်ဖက်ကည်ကလေးသာသောက်တာမို့ မနက်စာမစားဘူးထင်ပါရဲ့

"မောင်ညနေ ကားနဲ့ပြန်မှာ ကိုကိုရော ဘယ်အချိန်ပြန်မလဲ"

ထယ်ယောင်းစားလက်စ ဇွန်းလေးချကာ မောင့်နားကထွက်လာလိုက်သည်။မောင်တစ်ယောက်နားမလည်တဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်ကာ ထမင်းစားခ‌န်းထဲ ကျန်ခဲ့ရှာသည်။

အိမ်ရှေ့ကပြင်က ဒါန်း‌လေးပေါ် ထိုင်ရင်းမောင်သူ့နားလာမှာကို ကြောင်အစွာ မျှော်လင့်နေမိသည်။မောင်မလာပါ အိမ်ထဲမှာ ဖုန်းပြောနေလေရဲ့

"သားညနေ ပြန်ခဲ့မှာအဘိုးးး"

"သားအဆင်ပြေပါတယ် အဘွားတို့ကလည်းသားကိုချစ်ကြတယ် အခုလည်းသားက ဒီမှာမပျော်လို့ အဘိုးဆီကို သူတို့သားစိတ်အလိုအရ ပြန်လွှတ်တာ"

မောင့်မျက်နှာ ဟန်ဆောင်နေရင်း မွန်းကြပ်နေတာ ထယ်ယောင်းတံခါးနားက နားထောင်ရင်းးးမောင့်ကို အခုလိုကြ စိတ်မဆိုစရက်တော့ပေ။

you are coolWhere stories live. Discover now