ခြေအစုံက ဝါဝင်းလို့ ခြေထောက်တစ်ဖက်လှမ်းလိုက်တိုင်း အုတ်ခင်းကလေးပေါ်က ခရေပန်းလေးဆီရှပ်တိုက်သွားလေးက သူ့အတွက်အသဲယားစရာအတိ
ပုဆိုးစက ခြေမျက်စိဖုန်းလို့ စတစ်ကော်လာ နက်ပြာရောင်သည် လက်ထဲက ကြာပန်းတွေနဲ့ပနံသင့်နေလေ၏။လေအဝေ့မှာယိမ်းနွှဲ့သွားတဲ့ ဆံနွယ်ကွေးကွေးလေးတွေက သူ့ရင်ထဲတလှပ်လှပ်လှုပ်ရှား ရင်ခုန်သွားရပြန်ကာ သူ့အပြုံးကို ဖန်တီးပေးတဲ့ ဖန်တီးရှသ်အစစ်
"ကိုကို..."
မျက်ခုံးလေးပင့်ကာ ဘာလဲဟုအမူအယာနဲ့ပြန်မေးလိုက်လေသည်။
သူပြုံးကာ ကိုကို့အနားသွားရပ်ပစ်လိုက်သည်။
"မောင်တို့...ကျွန်တော်တို့ ဓာတ်ပုံအတူတူရိုက်ရအောင်"
ကိုကိုက သူမောင်လို့မှားထွက်မိတုန်းက မျက်ခုံးလေးတွေကြုတ်သွားသည်။မျက်နှာကလေးရဲကာ မိန်းမ မဆန်တဲ့ မျက်စောင်းကလေး ထိုးလာသည်။
"မုန်းနဲ့ရိုက်လေ"
သူအစ်မမုန်း ကိုကြည့်လိုက်တော့ အစ်မက ခေါင်းကလေးခါကာ
"လူမှန်နေရာမှန်ဘဲ ရိုက်ပါ လာကျွန်မက ရှင်တို့ကိုဓာတ်ပုံရိုက်ပေးမယ်"
ကိုကိုသူ့ကို တစ်ချက်ကြည့်ကာ
"မုန်းက ငါ့ကို စိတ်ဆိုးနေအုံးမယ် မင်းကောင်မလေးနဲ့အရင်ဓာတ်ပုံရိုက်လေ"
"စောဏကဘဲ ရိုက်ပြီးပြီ"
"ဟင်"
သူတို့နှစ်ယောက်နဲ့အတူ ရှိနေရဲ့နဲ့ ဘာလို့မသိရတာလဲ
ထယ်ယောင်းလက်ကလေး ဂျီမင်ဆွဲကာ ကုသိုလ် တော်ဘုရားစေတီကြီးရှေ့ နေရာယူလိုက်သည်။
ကိုကို့နားက ဆံနွယ်ကလေးသူတစ်ချက်သပ်ပေးလိုက်တော့ ကိုကိုက မျက်လုံးကလေးလှန်ကြည့်သည်။
"လှတယ်"
"ဟင်"
ဘာမှ အိုက်တင်မပေးရသေးဘူးကို လှတယ်တဲ့လား
"စောဏကပုံလေးရိုက်လိုက်တယ် ထယ်ယောင်း...ဂျီမင်က ထယ်ယောင်းနားကပ်လိုက်"
YOU ARE READING
you are cool
Fanfictionမောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြတ်နိုးခြင်းတွေပါ အချစ်ထဲပေါင်းစပ်ထားတာမို့