Ⓣⓔⓝ

167 21 11
                                    

ဂျီမင်နဲ့ ထယ်ယောင်း ပြန်မလာခင် မေမေ့ကိုသူမသိသမျှဖွင့်ပြောရမည်။သူတို့နှစ်ဦးက သူငယ်ချင်းဆိုတာ နည်းနည်းမှမယုံပေ။အင်းလေးမှာသူဂျီမင်နဲ့ ထိုကောင်လေးဖြစ်မယ်ထင်တယ် ဟိုတယ်ရှေ့မှ‌တွေ့ခဲ့တယ်မလား

မေမေ့အခန်းတံခါးကိုခေါက်တော့ "ဝင်ခဲ့"ဆိုတဲ့အသံကြား၍ သူဝင်သွားသည်။

မေမေက ရေချိုးပြီး အဝတ်အစားဝတ်နေတာ ဘေးမှာလည်း ကောင်မလေးတစ်ယောက်က မေမေ့ခြေထောက်တွေဆေးလူးပေးနေလေသည်

"ခြေထောက်ကိုက်တာ သက်သာလားမေမေ"

မေမေ ခေါင်းဘဲငြိမ့်ပြပြီးမှန်တင်ခုံကမှန်ကိုသူအင်္ကျီပုံကျမကျ ကြည့်သည်။

"မေမေသွားစရာရှိလို့လား"

"မရှိပါဘူး ခဏနေ မြေးပြန်လာရင်တော့ ကုသိုလ်ဘုရားဘက်သွားမလားလို့ မန္တလေးတောင်ပေါ်မတက်ဖြစ်တာလည်းကြာပြီမလား သူ့မေမေ မရှိတော့သူလည်း မိခင်မေတ္တာငတ်ရှာမှာ ငါ့မြေးလေးကြည့်ရတာ ငါတို့နဲ့ စိမ်းတယ် မေမေတော့မြေးလေးကိုမြင်တိုင်း ညည်းအစ်မ မြခက်သွယ်ကို မြင်ယောင်တယ် တစ်ချက်ချက် ပေကပ်ကပ်နိုင်တာ သူ့မေမေနဲ့သိပ်တူတာဘဲ ညည်းတူက"

မေမေက သူ့မြေးအကြောင်း ရယ်ကာမောကာ ပြောတော့ မြခက်နွယ် စိတ်ချမ်းသာရသည်။မေမေ့မြေးကို မေမေသိပ်ချစ်ပြန်ပြီ ညီမလေးလို ခြေစုံကန်သွားရင် မေမေတော့ ဒုတိယတစ်ခေါက်ခံစားရမှာဘဲ

ကောင်မလေးက မေမေ့ခြေထောက်ဆေးလူးပြီးတာနဲ့ အခန်းပြင်ဘက်ထွက်သွားလေသည်။

"မေမေ...."

မေမေက မှန်တင်ခုံ‌ကနေထကာ သူ့ဘေးက စက်တီထိုင်ခုံ‌လေးပေါ်လာထိုင်သည်။

"မေမေ့မြေးက ယောက်ျားလေးချင်းကြိုက်နေတယ်ဆိုရင်ရော"

ဒေါ်ရွှေမြခက်တဟားဟားရယ်လိုက်သည်။

"ပေါက်ပေါက်ရှာရှာသမီးရယ်"

"မေမေ...သမီးတကယ်ပြောတာ"

ဒေါ်ရွှေမြခက် မရယ်နိုင်တော့ပေ။

"မဖြစ်နိုင်ပါဘူး မြေးက လိမ္မာတယ် "

you are coolWhere stories live. Discover now