twenty four

128 14 9
                                    

မောင်၏ခြေရင်းမှာ သူထိုင်လိုက်တော့ မောင်ဟာ ခြေထောက်ကလေး တွန့်ကာ နောက်ဆုတ်သွားလေ၏။

သူပြုံးကာ မောင့်မျက်နှာကို တစိမ့်စိမ့်ကြည့်သည်။မောင်ဟာ ကတုံးတုံးပြီးပြီဖြစ်၍ မျက်နှာလေးဟာ ကျော့ရှင်းနေသည်။

"ခဏနေ သင်္ကန်းစည်းမှာမလား မောင် ကိုကိုမောင့်ကို ခွင့်တောင်းချင်လို့ပါ"

"ပြောလေ ကိုကို"

"မောင်...သင်္ကြန်ကို ငါဒီမှာဘဲ နေပါရစေ"

မောင့်မျက်လုံးလေး စိုးရိမ်သွားတာသိ၍ သူပြုံးပြလိုက်သည်။

"ရိုးရိုးသားသားပါ မောင် ကိုကိုမောင့်ဘေးကနေ ပါရမီဖြည့်ဖက်အဖြစ်ရှိချင်ရုံပါ ငါမောင်ဆွမ်းခံကြွတဲ့အခါ ကပ္ပိယလုပ်ပေးချင် သင်္ကန်းတွေလျှော်ဖွပ်ပေးချင်ရုံပါ"

မောင်က ဘဘုန်းကို လှမ်းကြည့်တော့ ဘဘုန်းကခေါင်းငြိမ့်ကာ

"သိပ်မွန်မြတ်တဲ့အလုပ်ပါဂျီမင် ထယ်ယောင်းလည်းကုသိုလ်ရတာဘဲ ဘဘုန်းသဘောတူပါတယ်"

ကိုကို့မျက်နှာကလေး လန်းသွားသည်။ဘဘုန်းကို ကြည့်လိုက် သူ့ကြည့်လိုက်နှင့် ပြုံးနေတဲ့ ကိုကို့မျက်နှာကလေးဟာ တကယ်ရိုးရှင်းတာ

သူနှင့်အဘိုး ဂျီမင်သင်္ကန်းစည်းပြီးသည်နှင့် ဂျီမင့်ကို ထိုင်ကန်တော့ကြသည်။

"အဘိုးမြေး ဘုရားသားတော်ဖြစ်တဲ့အချိန် အဘိုးကြည်နူးလိုက်တာ ရင်ထဲအေးချမ်းလိုက်တာ"

"ဒကာကြီးလည်း သာသနာ့ဘောင်မှာ အပန်းဖြေပါအုံးလား"

မောင်က ရင့်ကျက်သည်။စကားပြောဟန်လေးက တကယ်တည်ကြည်တာ အခုချိန်သူ့စိတ်မှာ မောင့်အပေါ် မရိုးမသားစိတ်မရှိ ကြည်နူးကြည်ညိုစိတ်သာ ရှိ၍ မျက်ရည်ကလေးဝဲကာ ငေးကြည့်နေမိသည်။

"ဝင်ပါ့မယ် အခုတော့ ရွာကိုပြန်လာမယ့် မြေးတွေနဲ့အတူနေချင်သေးလို့ နောက်နှစ်လောက်မှ အနားယူကာ တရားရိပ်မှာ အေးချမ်းပါ့မယ်ဘုရား"

သူဘဘုန်းစကားကြောင့် ပြုံးလိုက်မိသည်။

"ဒကာလေး"

you are coolWhere stories live. Discover now