Ⓝⓘⓝⓔⓣⓔⓔⓝ

122 18 17
                                    

"ဆရာဝန်ကြီးတစ်ယောက်အနေနဲ့ ဆေးစာရေးပေးလိုက်ပါ့မယ် အစ်မက မန္တလေးက ဆေးရုံပြောင်းချင်တယ်ဆိုတော့ ကောင်းပါတယ်"

"ကျွန်မက သားကို ဒီမှာဘဲ ကုလည်းအဆင်ပြေပါတယ် သူ့အဒေါ်က မန္တလေးက  private  ဆေးရုံအုပ်ကြီးနဲ့ သူငယ်ချင်းဆိုတော့ ပြောင်းဖို့ပြောနေလို့ပါ"

ဂျီမင် ထယ်ယောင်းမေမေ ပြောသမျှကိုတွေတွေလေးငေးနေမိသည်။

"ကောင်းပါတယ် ပိုက်ဆံတတ်နိုင်တော့ အဆင်ပြေမှာပါ"

"ကျွန်မက ဘာစိတ်မှမရှိပါဘူးဆရာ အားနာတာဘဲရှိတာ ကျွန်မသားကို ကယ်ခဲ့တဲ့ မြို့နယ်ဆေးရုံကိုကျွန်မက အထင်ကြီးလေးစားပါတယ် ဆရာတို့ကျေးဇူးကြောင့်သားကို အချိန်မီတာလည်း နားလည်ပါတယ်"

ဆရာဝန်ကြီး မျက်မှန်ကိုင်းကနေ မျက်မှန်ဆွဲဖြုတ်ကာ မျက်လုံးကို ပွတ်သပ်လိုက်သေး၏။

"ကျွန်တော့်မှာလည်း ဘာစိတ်မှမရှိပါဘူး ကျွန်တော်တို့ စေတနာ့ဝန်ထမ်းတွေ ကတော့ အသပြာကြောင့် လူနာတွေကို ကုသပေးနတာ မဟုတ်ဘူးဆိုတာ ပြည်သူတွေနားလည်ရင် ပီတိဖြစ်ပါတယ်"

"ဆေးဝါးအတွက်လိုအပ်တာတွေ ကျွန်တော်စာရင်းလုပ်ပေးပါ့မယ် ကဲနားလိုက်ပါအုံး အစ်မကြီးတို့လည်း ပင်ပန်းရောပေါ့"

ဆရာဝန်ကြီးက ထသွားတော့ သူမ ဂျီမင့်ကို လှမ်းကြည့်သည်။ဂျီမင့်မျက်လုံးတွေ ငိုထားလွန်းလို့ နီရဲနေသည်။မျက်နှာမှာ မှုန်တေတေနဲ့ စိတ်နဲ့လူမကပ်နေသည့် ပုံစံမျိုးမို့ သူမ စကားပြောရခက်သည်။

အားယူကာ နှုတ်ခမ်းဟလိုက်ချိန် ဂျီမင် သူမဆီက မျက်နှာလွှဲလိုက်သည်။

"သားးး"

ဂျီမင် သူမအနားက ထထွက်သွားမယ်လုပ်တော့သူမနှုတ်က ခေါ်လိုက်တော့သည်။

"အမေတို့စကားပြောရအောင်"

ဂျီမင် ပြန်ထိုင်လိုက်သည်။

"ကျွန်တော် ထယ့်ရဲ့ဆေးစရိတ်တွေ အားလုံး တာဝန်ယူမှာပါ အန်တီ ကျွန်တော်ယောက်ျားပါ ကျွန်တော့်ခင်ပွန်းကျန်းမာရေးက ကျွန်တော့်တာဝန်ပါအန်တီ"

you are coolWhere stories live. Discover now