seventeen

125 21 7
                                    

"မောင်"

တောင်ကြီးကို ‌လိုင်းကားနဲ့တက်လာလည်း ‌သူနဲ့မောင်မမောပေ။မောင်က သူ့လက်ကလေးဆွဲကာ ရွှေဆိုင်ကို ခေါ်သွားတာမို့ သူမေးရမြန်းရမည်။

"ဘာလုပ်ဖို့လဲ"

ဂျီမင် ထယ်ယောင်းလက်ကလေး ကိုင်ထားလျက်ဘဲ ကောင်တာမှာ ရပ်လိုက်သည်။

ထယ်ယောင်းလက်ကလေး ကောင်တာပေါ်တင်ကာ

"အစ်မ ဒီအစ်ကို့လက်သန်းကြွယ်နဲ့ တော်မယ့် လက်စွပ်ကလေးပြပါအုံး"

အခုမှ သူသဘောပေါက်တော့သည်။

"မောင် လက်ထပ်လက်စွပ်လား"

ဆိုင်က ကောင်မလေးက ပြုံးလျက်ကြည့်နေသည်။

"ဟုတ်တယ်လေ ကိုကို့အတွက် မောင်ပိုက်ဆံစုထားတာကြာပြီ"

ထယ်ယောင်းမောင့်မျက်ဝန်းကို အမိအရလိုက်ကြည့်မိသည်။လေးနက်စွာ ယုယစွာ မောင်ပြောနေတာ

"အစ်ကိုတို့ ရွှေက ဘယ်‌ဈေးလောက်ထိ တတ်နိုင်လဲရှင့်"

"၁၀သိန်းလောက်ထိရတယ်"

"အို မောင်ကလည်း များကြီးဘဲ"

ကောင်မလေးက အခေါက်ရွှေ လက်စွပ်ကလေး ထုတ်ပေးသည်။မောင်ကိုယ်တိုင် သူ့လက်ကလေးဝတ်ပေးတာမို့ သူပြုံးလိုက်ရသည်။

"မောင်...ဒါလေး ငါကြိုက်တယ်"

"ကိုကို့ လက်ကလေးက လှတာကို"

"အဲဒါလေး ယူမလား"

ထယ်ယောင်းခေါင်းငြိမ့်လိုက်သည်။မောင်ကသူပြုံးနေတာ ကြည့်ပြီး ကျေနပ်နေတာ

"ဒါလေးက ၁၅ပဲရည်ကိုမှ ရွှေသားတော်တော်များတယ် ၈သိန်းခွဲပါ"

ဂျီမင် သူ့အိတ်ကပ်ကလေးထဲက ပိုက်ဆံထုတ်ပေးလိုက်သည်။

သူ‌နဲ့မောင် ရွှေဆိုင်က ထွက်ကာ တောင်ကြီးဈေးဝင်လိုက်ကြသေးသည်။

"ကိုကို တို့ဟူးနွေး စားချင်လား ဈေးထဲ‌မှာ ရပါအုံးမလားမသိဘူး အချိန်က နေ့လည်တောင်ရောက်နေပြီ"

ထယ်ယောင်း ရည်းစားစဖြစ်ခဲ့တဲ့ Fst dateတောင်သတိရမိသည်။ အဲ့တုန်းက မောင့်ကိုသူ မူမနေနိုင်ဘဲ အဖြေပြန်ပေးခဲ့တာ ဒီဈေးထဲမှာလေ

you are coolWhere stories live. Discover now