အပိုင်း(၄)

730 66 9
                                    

Unicode

“ဘာတွေလုပ်နေပြန်တာလဲ”

“ကိုယ့်အတွက် ကိုယ့်ဘာသာစီစဉ်နေတာ”

“ရှိုင်း!”

ဒါဟာ အမိန့်ဆန်ဆန်ရာဇသံတွေမပေးခင်ခေါ်လေ့ရှိတဲ့ ခပ်မာမာအသံတစ်ခုပဲ။ ဂရုမစိုက်ချင်တော့ဘူး။ ဘယ်ရာဇသံကိုမှ မလိုက်နာချင်တော့ဘူး။ တန်ဖိုးအရှိဆုံးအချိန်တစ်ခုကိုဆုံးရှုံးခဲ့ရတာ အဲ့ရာဇသံတွေကို မတွန်းလှန်နိုင်ခဲ့လို့ဆိုတာ သူကောင်းကောင်းကြီးမှတ်မိသည်။

“မာမီလုပ်နေသမျှက ရှိုင်းလေးကောင်းဖို့ချည်းပဲ။ ဘာလို့နားမလည်နိုင်တာလဲ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကိုဒုက္ခရောက်အောင်မလုပ်ဘူးကွ”

မာမီ့နှုတ်ခမ်းရဲရဲတွေကထွက်ကျလာတဲ့စကားအတွက် သူ့မှာတုန့်ပြန်စရာ မဲ့ပြုံးသာရှိသည်။ မာမီပြောတာတွေကိုမယုံဘူး။ မာမီ့ကိုမယုံဘူး။ တ‌စ်လောကလုံးကိုလည်းမယုံဘူး။

“မာမီစီစဉ်ပေးတဲ့ driver ကို ကိုယ်လက်မခံဘူး။ ဦးကြီးမောင်မလိုက်ရင် အောင်ခန့်ကိုခေါ်သွားမယ်။”

“ရှိုင်း!”

မာမီ့ကိုရော မာမီ့အသံကိုရော ကျောခိုင်းထားခဲ့ပြီး ခြေလှမ်းကျဲတွေနဲ့ အဆင်သင့်ရပ်ထားတဲ့ကားပေါ်တက်လိုက်သည်။ ကား driver နေရာမှာ သူ့အလိုက်ကိုသိစွာရောက်နေပေးသော အောင်ခန့်ကြောင့် နည်းနည်းစိတ်ကျေနပ်သလိုရှိသွားသည်။ ရှိုင်းခက်သွယ်တဲ့ တစ်ယောက်ပဲရှိတယ်။ ဘယ်သူ့ဩဇာမှ သူ့အပေါ်မလွှမ်းနိုင်ဘူး။ လက်ဖြောက်တစ်ချက်တီး အလိုတစ်ခါပြည့်အောင်ထိ အကုန်လုံးကိုစေစားပြမယ်။ မကြောက်မလန့်ရှေ့တိုးရဲတဲ့လူက သေမင်းနှုတ်ခမ်းဝကိုကိုယ့်စရိတ်နဲ့ကိုယ်လာရမယ့်လူပဲဖြစ်လိမ့်မယ်။

“ဘယ်မလဲကိုသိန်းဟန် ပေါ်မလာသေးပါလား”

မဲ့ပြုံးချီထားတဲ့ နှုတ်ခမ်းအစုံက သူ့ဂွင်ထဲတော့ရောက်လာပြီ။အပီရိုက်ချဖို့ပဲကျန်တော့တယ်ဆိုတဲ့အတွေးနဲ့ ပြုံးနေကြောင်းသိသာထင်ရှားလှသည်။

“ကိုလင်းညွှန့် ခင်ဗျားလောလှချည်လား”

“ဟင်းး..လောတာတော့မဟုတ်ဘူးပေါ့ဗျာ စည်းမဲ့ဘောင်မဲ့ လွတ်ထွက်သွားမှာစိုးလို့”

မဆုံသောမျဉ်းပြိုင်Where stories live. Discover now