အပိုင်း(၁၆)

511 48 2
                                    

Unicode

ဆေးရုံကဆင်းရမယ့်နေ့တွင် မမျှော်လင့်ထားသူက ‌ထပ်မံရောက်ရှိလာပြန်သည်။ အခန်းတံခါးဝတွင် smartကျကျ မတ်တပ်ရပ်နေသူသည် ဆေးရုံဆင်းပြီးအိမ်ပြန်မည့် မဒီတို့ကို လာကြိုသည်ဆိုတာကတော့ ယုံနိုင်ဖွယ်ရာမရှိ။

“ဘာကြည့်နေတာလဲ ကိုယ်ချောလို့လား”

အမြဲယုံကြည်မှုကတော့ ၁၀၀%။ ဘယ်သူမှမသတ်မှတ်ပေးလည်း သူ့ဘာသာသူသတ်မှတ်ပစ်လိုက်ပြီးအဆင်ပြေနေသည်။ အင်းလေ..တကယ်လည်းချောတာကို။

“ရှိုင်းကဘာလာလုပ်တာလဲ”

“ဟမ်! လာကြိုတာလေ”

“ကုမ္ပဏီမသွားဘူးလား မနီလာအကုန်စီစဉ်ပေးတာပဲမဟုတ်လား”

မဒီပြောတာတွေကို မျက်မှောင်ကျုံ့ရင်း စူးစိုက်စိုက်ကြည့်လာမှ မဒီနှုတ်ခမ်းတွေအသာပိတ်လိုက်မိသည်။ ငါဟာလေ ဆရာကိုလုပ်တယ်။

“ကိုယ့်အလုပ်ကိုယ်သိပါတယ်။ ခုကလည်း ဖိုးသာထူးကိုလာကြိုတာပါ။”

“အယ် မဒီတို့ကရော”

သူ့ကိုယ်သူလက်ညှိုးထိုးရင် မေးလာတဲ့ အနှီးလူသားကို ချစ်စရာကောင်းနေပေမယ့် အမြင်ကပ်လို့ကို တမင်အကျင့်ယုတ်ပစ်လိုက်သည်။

“ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန် အော် ကြီးမေမပါဘူးနော် ကိုယ့်ကားနဲ့လိုက်လို့ရတယ်”

ပြောပြီးလှည့်ထွက်ခဲ့တဲ့ သူ့မျက်နှာမှာ အပြုံးလေးလက်လို့ သွားတက်ဖြူဖြူလေးတစ်ဖက်ကလည်း မနာလိုချင်စရာကောင်းအောင် တောက်ပပြနေရှာသည်။

“နေပေါ့ အကျင့်ကိုမကောင်းဘူး”

တကယ်လည်း မဒီကတက္ကစီနဲ့ပြန်သွားတာမို့ ပြောချင်တိုင်းပြောပြီးကားနားမှာစောင့်နေခဲ့တဲ့ တစ်စုံတစ်ရှိုင်းရဲ့ မျက်ခုံးတွေကတော့တွန့်ချိုးနေလေတော့သည်။

“ဒါသပ်သပ်ရွဲ့တာ တွေ့မယ် တွေ့ကိုတွေ့ဦးမယ်”

“မမလေး..”

“ဟုတ်ကဲ့ကြီးမေ”

အမယ်သူ့ပါးစပ်သူတောင်မယုံဘူး။ ဘယ်တုန်းကချိုသာဖူးလို့လဲ။ခုတော့သူမဟုတ်တဲ့အတိုင်း။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now