အပိုင်း(၁၇)

427 48 2
                                    

Unicode

ဖိုးဖိုးအခန်းကပြန်ထွက်လာတော့ အချိန်ကိုက်ဆိုသလို ခက်နွေဆီကဖုန်းဝင်လာသည်မို့ ချိန်းထားတဲ့ကော်ဖီဆိုင်ကိုသာတန်းသွားဖို့ပြင်လိုက်သည်။ ဒါပေမယ့် သက်မျိုးထင်‌ ရောက်ရှိလာပြီး ဒရိုက်ဘာနေရာမှာ ဝင်ထိုင်‌နေသည်။ ပထမတော့ကြောင်သွားပေမယ့် ဒီလုပ်ရပ်ဟာ သူ့သိက္ခာတွေကို တဖြည်းဖြည်းဝါးမြိုသွားလေပြီ။

“မင်းဒါဘာလုပ်တာလဲ!”

“တောင်းပန်ပါတယ်မမလေး ဒါဥက္ကဌကြီးအမိန့်ပါ”

“ဆင်း! ခုကားပေါ်ကဆင်း! ဆင်းလို့ငါပြောနေတယ်!”

“အဲ့ဒါဘာဖြစ်နေတာလဲ ”

အနောက်ဘက်ဆီကထွက်ပေါ်လာတဲ့ အသံနှင့်အတူ တုတ်ကောက်သံပါကြားရသည်နှင့် ကားပေါ်ကသက်မျိုးထင်လည်းအသင့်အနေအထားဖြစ်သွားသည်။

“ဒါဘာလုပ်တာလဲ ဖိုးဖိုး! ကိုယ်လူနော် လူလို့! သေရမယ့်ရက်ကိုထိုင်စောင့်နေရတဲ့လူလို့! ဘာလို့လဲ! ကိုယ့်ကျမှပျော်ရဖို့တောင်သေမလိုခက်ခဲနေရတာလဲ! ကိုယ်နေချင်တာဒီလိုမဟုတ်ဘူး! ထပ်ပြောရရင် သေခါနီးလူတစ်ယောက်အတွက်နောက်ဆုံးဆန္ဒတွေကိုတော့ဖြည့်ဆည်းပေးသင့်တယ်”

ဖိုးဖိုးကဆွံ့အနေသလိုပဲ။ သူကိုယ်တိုင်လည်း ငိုမိနေခဲ့လားမရေရာတော့။ သက်မျိုးထင်လက်ထဲကကားသော့ကိုဆွဲယူလိုက်ရင်း အမြန်ကားပေါ်တက်လိုက်မိသည်။ ထို့နောက်တွင်တော့ ဒီအိမ်ကြီးကို ကျောဘက်ဆီမှာထားခဲ့လိုက်တော့သည်။ ဘယ်အနှောက်အယှက်မှပါမလာခဲ့သောပထမဆုံးအကြိမ် သူလွတ်လွတ်လပ်လက်အပြင်ထွက်ခြင်းဖြစ်သည်။ ကားမောင်းသူနေရာမှာသူထိုင်နေခဲ့ရင်တောင် ဘေးနားမှာအမြဲလူတစ်ယောက်ပါတတ်သည့်အချိန်တွေ၊ သူ့ကားအနောက်မှာအမြဲလိုက်ပါနေတတ်တဲ့ ဖိုးဖိုးနဲ့ မာမီ့ဘက်တော်သားတွေ။ ဒါတွေအားလုံးခုချိန်တွင်တော့ငြိမ်သက်စဲ။

ဆိတ်ငြိမ်နေတဲ့ ကော်ဖီဆိုင်လေးထဲ လှမ်းဝင်လိုက်တော့ တံခါးဖွင့်ခြင်းနှင့်အတူကပ်ပါလာသော ဆည်းလည်းသံလွင်လွင်။ နှာခေါင်းထဲတိုးဝင်လာတဲ့ကော်ဖီနံ့ထုံထုံသင်းသင်းလေး။ နောက်ကြည့်လာသမျှစိတ်တွေကြည်ရှင်းသွားသလိုပင်။ တောင့်အကျဆုံးစားပွဲမှာမှထိုင်နေခဲ့တဲ့ငနွေ။ ထိုစားပွဲဆီတည့်တည့်လျှောက်သွားရင်း ငနွေ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now