အပိုင်း(၅)

689 68 2
                                    

Unicode

ပိုက်ဆံအရေအတွက်ကိုပြောတာမဟုတ်ဘူးတဲ့။ ဒါဆိုဘာလို့ အဲ့လောက်ထိ မဒီ့ကိုနှိမ်ရပါသနည်း။

“အဲ့ဒါ မမလေးရဲ့ဖခင်ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်..အင်း မမလေးကအဖေချစ်သမီးလေးဆိုလည်းဟုတ်တယ်။ နှလုံးရောဂါရှိတဲ့ ကလေးဆိုပြီးအလိုလိုက် ပေးတဲ့သူ့အဖေကိုသူအခင်တွယ်ဆုံးပဲ။ တစ်ရက်..ပဲခူးကအပြန်ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါသွားတယ်။ တကယ့်ကိုရုတ်တရက်ကြီး ။ဖြစ်ချင်တော့ အဲ့နေ့ကမမလေးမွေးနေ့သမီးရဲ့..”

မဒီဒူး‌ထောက်နေရတာကိုပင် မေ့မေ့မြောမြောဖြစ်ပြီးတီဆွေပြောပြသမျှကို စိတ်ဝင်တစားဖြစ်လာမိသည်။ဒီလိုဆို သူကမမလေးရဲ့တန်ဖိုးကြီးပစ္စည်းကိုမှဖျက်ဆီးမိသွားတာပဲ။

”ဖြစ်ချင်တော့ အဲ့နှစ်ရဲ့ မမလေးအတွက်မွေးနေ့လက်ဆောင်အဖြစ် ဆရာက သူကိုယ်တိုင် ကြွေပန်းအိုးလေး တစ်လုံးလုပ်ပေးလာတာ။ ပထမဆုံး သူကိုယ်တိုင်သင်လာတဲ့ လက်ရာလေးကို သူ့သမီးလေးဆီပေးချင်ခဲ့တာတဲ့။ သမီးသတိထားမိလားမသိပေမယ့် ကွဲသွားတဲ့ပန်းအိုးလေးက ဆက်ကြောင်းတွေနဲ့။”

“ဟင်..ဘာလို့လဲ”

“အက်ဆီးဒင့်မှာ လူတောင်သေတာသမီးရယ်။ ကြွေအိုးလေးဆိုတော့ ကွဲတာပေါ့။ မမလေးကမရမကပြန်ဆက်ခိုင်းထားတာ။”

“အော်..”

မဒီ သက်ပြင်းရှည်ကြီးကို ဘယ်နှကြိမ်မြောက်မှန်းမသိ မှုတ်ထုတ်မိလိုက်ပါသည်။

“ဟိုးအရင်ကမမလေးရဲ့ပုံစံက အခုမဒီမြင်နေရသလိုမျိုးမဟုတ်ဘူး။ သမီးယုံမှာတောင်မဟုတ်ဘူး။ ‌အဖေဖြစ်သူရဲ့ဈာပနပြီးတာနဲ့ နိုင်ငံခြားအတင်းပို့ခံရပြီးရေ‌ခြားမြေခြားမှာပဲ ရှင်သန်ခဲ့ရတော့ အင်း..ဒီလိုဖြစ်သွားတော့တာပဲ..သမီးကအစ်မတစ်ယောက်လို နွေးထွေးပေးနိုင်ရင်နွေးထွေးပေးပါကွယ်..မမလေးကိုအပြစ်မမြင်စေချင်ဘူး”

မဒီတစ်ချက်တွေဝေမိသွားသည်။ မမလေးကရောမဒီ့နွေးထွေးမှုကိုအသိမှတ်ပြုမှာတဲ့လား။ မဒီ့လိုလူကနွေးထွေးမှုရရင်ရော မမလေးအတွက်က မြူမှုန်တစ်စလောက်တောင် အလေးထားခံရပါ့မလား။ မေးခွန်းတွေထပ်သွားသည်။ မမလေးဘက်ဘယ်လိုဖြစ်ဖြစ် မဒီကတော့ သစ္စာရှိတဲ့အလုပ်သမားဖြစ်လာစေရမည်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now