အပိုင်း(၂၈)

473 35 3
                                    

Unicode

ဆေးရုံကို အမောတကောရောက်လာတဲ့သူ့ကို လူတွေဟာအထူးအဆန်းတစ်ခုလိုငေးကျန်ရစ်ကြသည်။ သူ့ပုံစံဟာဘယ်အတိုင်းအတာထိ ရုပ်ပျက်နေမလဲဆိုတာသူသိပါသည်။ သို့ပေမယ့်လည်းမတတ်နိုင်။ အတွေးထဲပြန်ဝင်လာတဲ့ အမေနဲ့အဖေ့ရဲ့ပုံရိပ်တွေကသူ့ကိုအကြီးအကျယ်ခြောက်လန့်နေသည်။ ဆုံးရှုံးဖူးတဲ့လူမှသိတဲ့ဒဏ်ရာမို့ ကိုယ်ချင်းစာပေးဖို့ နားလည်ပေးဖို့ကိုလည်း သူမမျှော်လင့်ခဲ့ဖူးပါ။ မိဘတွေကိုတစ်နေ့ထဲမှာဆုံးရှုံးခဲ့ဖူးတဲ့သူ့အတွက်တော့ အလတ်ကောင်ရဲ့သတင်းဟာ အကြိမ်ကြိမ်ငရဲကိုဆင်းလိုက်သလိုပါပဲ။ ထပ်ပြီးတော့ မဖြစ်ပါရစေနဲ့။ ဖြစ်ခွင့်မပေးဘူး။ သူ့ကြောင့်ဆိုရင်ပိုပြီးတောင်မဖြစ်စေရဘူး။ သူ့ကြောင့်နဲ့ သူ့မိသားစုထိခိုက်မှာမျိုးလုံးဝမဖြစ်စေရဘူး။

“အလတ်ကောင်...”

တံခါးဖွင့်ဖွင့်ချင်း မြင်ရတဲ့အလတ်ကောင်ကဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေသည်။ မရမကမေ့ပစ်နေသည့်ကြားမှတိုးဝင်လာတဲ့ပုံရိပ်တွေကသူ့ကြောက်စိတ်ကိုအားပေးအားမြှောက်ပြုသည်။

“သမီး တိုးတိုး ခုနလေးမှ ပြန်အိပ်ပျော်သွားတာ ဆေးသွင်းထားလို့လေ လာလာ အပြင်မှာသွားပြောရအောင်နော်”

“ကြီးမေ...”

“လာပါကွယ် လာ”

ကြီးမေကိုမြင်တာနဲ့ငိုချင်စိတ်ကဘယ်လိုမှထိန်းမရ။

“အလတ်ကောင် အလတ်ကောင် ဘယ်လိုနေသေးလဲဟင် ကြီးမေ”

“ သက်သာသွားပါပြီကွယ် စိတ်မပူတော့နဲ့နော်။ ငါ့သမီးလေးလည်း ပင်ပန်းလိုက်တာ”

“ဘယ်လိုဖြစ်တာလဲ ဟင် ကြီးမေ အမြဲတမ်းပုံမှန်သွားနေကျကလေးက ဘယ်လိုဖြစ်တာလဲဟင်”

“ကားကရုတ်တရက်ကြီးလမ်းကြားကထွက်လာတာတဲ့။ ရှောင်ပေမယ့် စက်ဘီးနဲ့ချိတ်မိသွားတယ်တဲ့။ ကံသီပေလို့ပေါ့။ တည့်သာတိုက်မိရင် မတွေးရဲပါဘူးသမီးရယ်။စက်ဘီးပေါ်ကအရှိန်နဲ့ပြုတ်ကျတော့ ညာဘက်လက်ကနည်းနည်းအက်သွားတယ်။ ခေါင်းကတော့နှစ်ချက်ချုပ်ရတယ်။ သွေးလွန်သွားလို့ အခြေအနေကနည်းနည်းစိုးရိမ်သွားရတာ။ တော်သေးတယ်။သွေးအလှူရှင်အမြန်ရလို့။ ခုနလေးမှအိပ်ပျော်သွားတာ”

မဆုံသောမျဉ်းပြိုင်Where stories live. Discover now