အပိုင်း (၁၉)

457 42 5
                                    

ဝေလီဝေလင်းအချိန်မှာရောက်လာပြီး ပြာယာခတ်နေတဲ့သူ့ကို နားမလည်သလိုတွေကြည့်ပြီး မလိုအပ်တဲ့လူလိုကြည့်ရင်း ရှိမနေစေချင်တဲ့ပုံစံတွေနဲ့ဆီးကြိုကြသည်။ တကယ်ဆိုလိုလိုလားလား ဆီးကြိုကြပါစေတော့လို့ သူကိုယ်တိုင်ကလည်းမမျှော်လင့်ခဲ့မိပါ။ သူ့ကို ဘာအဖြေမှပြန်မပေးသူတွေကိုကျောဘက်မှာချန်ထားခဲ့ရင်း သူ့ဦးတည်ရာတွေဟာ ဒီအိမ်တော်ရဲ့ဒုတိယထပ်ဆီသို့။ ဒီအိမ်တော်မှာသူဟာအလုပ်သမား။ ဘာလုပ်ပိုင်ခွင့်မှမရှိသူ။ ခိုင်းတာကိုပဲတသွေမသိမ်းလုပ်ရသူ။ ဒီတစ်ကြိမ်တော့သတ္တိမွေးလိုက်မိသည်။ လှေကားကြီးရဲ့အဆုံး ဘယ်ဘက်အခြမ်းက အခန်းရှေ့တွင် သူ့ခြေစုံကိုရပ်လို့ သတ္တိမွေးမိသည်။ ဒီတစ်ကြိမ်တွင်ရှိုင်းကိုအကောင်းပကတိမြင်ချင်ရုံကလွဲရင် ဘာမျှော်လင့်ချက်မှသူ့ထံတွင်ရှိမနေခဲ့ပါ။
နေကောင်းမှဖြစ်မယ်ရှိုင်း။ သူတို့တွေကိုတိုက်ခိုက်ဖို့ရှိုင်းသန်စွမ်းနေမှရမှာ။ နောက်ဘက်ဆီကရိုက်ခက်လာတဲ့တားဆီးသံတွေအား မမှုမိတော့ပဲ တံခါးလက်ကိုင်ကိုလှည့်ကာဖွင့်လိုက်မိသည်။

တံခါးအဖွင့်မြင်တွေ့ရပုံက ကံကြမ္မာနတ်မင်းကမသနားမညှာတာစွာ ဖန်တီးထားသောကြောင့် သူ့နှလုံးသွေးတွေရပ်တန့်သွားရသည်။ ကုတင်ပေါ်မှာ လဲလျောင်းနေသောဖြူဖျော့ဖျော့ခန္ဓာကိုယ်။ လက်သွယ်သွယ်တွေပေါ်မှာရှိတဲ့ ဆေးပိုက်တွေ။ဒါဘယ်လိုအခြေအနေကြီးလဲ။ အောက်ဆီဂျင်ပါပေးထားရတဲ့ အခြေအနေကြီးက။ မဟုတ်ဘူးမလားရှိုင်း။ ရှိုင်းဒီလိုဖြစ်လို့မရတာမသိဘူးလား။ အတွေးထဲမေးခွန်းတွေထပ်နေပေမယ့် တကယ့်လက်တွေ့မှာ သူ့ခြေလှမ်းတွေလှမ်းနိုင်ဖို့တော်တော်ခက်ခဲနေသည်။ ကုတင်ဆီရောက်ဖို့ ဘယ်အင်အားနဲ့လှမ်းရမလဲမသိတော့။ တဖြေးဖြေးနီးလာလေ ရှိုင်းရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုထင်းလင်းစွာ‌မြင်နေရလေ။ ကုတင်နံဘေး ထိုင်ချလိုက်မိကာ ရှိုင်းရဲ့ဆေးပိုက်တွေရှိနေတဲ့လက်ကလေးကိုခပ်ဖွဖွထိမိသည်။

“ရှိုင်း...”

နာမည်လေးတစ်ခုကိုရေရွတ်ဖို့ ဘာလို့ခုထိနာကျင်နေရမှန်းမသိပေ။ သူ့ကြောင့်များလား။ သူကပဲအကုန်လုံးကိုကံဆိုးစေသူလား။ သူချစ်သမျှလူတွေဟာသူ့ကြောင့်ပဲကံဆိုးခဲ့ကြရတာလဲ။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now