အပိုင်း(၁၈)

462 46 2
                                    

Unicode

"ဘာလုပ်တာလဲ"

ခပ်ဆက်ဆက်လေသံကရုံးခန်းအတွင်းပေါ်ထွက်လာသည်။ ရှိုင်းဆိုတဲ့ သူ့ရဲ့သူဌေးဟာ တစ်စက္ကန့်အတွင်း စိတ်အမျိူးမျိုး၊ ပုံစံအမျိုးမျိုးဖန်တီးနိုင်သူမို့ ဒီလောက်လေးကိုတော့ မေမဒီတို့မမှုတော့ပါ။

"အအေးလျှော့လိုက်တာ‌လေ ရှိုင်း"

"အဲ့ဒါကိုယ်သိတယ်လေ ဘာလို့လုပ်တာလဲကိုယ်မပြောမိဘူးလေ"

"တစ်ခါတစ်လေမှာအခိုင်းစောင့်နေလို့မရတဲ့ကိစ္စတွေရှိတယ်ရှိုင်း ဒါက ပဲခူး sideရဲ့ဖိုင်တွေပါ"

ရှိုင်းကိုပြောရင်းလက်ထဲကဖိုင်တွေကိုစားပွဲပေါ်တင်ပေးလိုက်ပြီး ခြေနှစ်လှမ်းဆုပ်ကာ ရပ်နေလိုက်သည်။ ရှိုင်းလို့ခေါ်ခွင့်ရထားတာကံကောင်းနေပြီမို့ အပြုအမူကိုတော့အတတ်နိုင်ဆုံးသတိထားရသည်။ ဘောင်ကျော်လို့မဖြစ်။

"မင်းကိုယ့်ကိုအရွဲ့တိုက်နေတာတော့မဟုတ်ဘူးမလား"

"မရွဲ့ပါဘူးရှိုင်းရယ်။ ဘာလို့ရွဲ့ရမလဲ။ ခုရှိုင်းရဲ့ အခန်းအအေးက လူသေတွေထားလို့ရတဲ့နီးပါးကိုဖြစ်နေလို့လျှော့လိုက်တာ။ မဒီက ရှိုင်းရဲ့အတွင်းရေးမှူး လေ ရှိုင်းထိခိုက်မယ့်အရာတွေ မဒီတားခွင့်ရှိပါတယ်။ ပြီးတော့ ရှိုင်းကိုမထိခိုက်စေချင်ဘူး"

မထိခိုက်စေချင်ဘူးဆိုတဲ့စကားအရောက်မှာတော့ ရှိုင်းလက်‌ တွေတုန်ယင်သွားမိသည်။ သူ့ဘဝမှာ ဘယ်သူမှ ခုလိုမပြောဖူးပေ။ ယုတ်အစွဆုံး မိသားစုဆိုတဲ့အမေဖြစ်သူဆီမှပင် မကြားခဲ့ရချေ။ အခုတော့ ခပ်အေးအေးပင်ပြောနေတဲ့မိန်းကလေးက သူ့အရှေ့မှာရှိနေခဲ့ပြီ။ အေးအေးဆေးဆေးလေးပြောပေမယ့်ကြားရတဲ့လူဆီ မေတ္တာဓာတ်ရောက်အောင်ပြောနိုင်တဲ့ဒီမိန်းကလေးကိုတော့ အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားချင်သည်။ ဒါမှသူအသေဖြောင့်နိုင်မယ်ထင်သည်။ သူနူးညံ့မိရင်တောင် ဒီမိန်းကလေးအပေါ်ချစ်တယ်ဆိုတဲ့စကားတော့ သူမပြောမိမှဖြစ်မည်။ ဘယ်လိုများ ထိန်းချုပ်ထင်ချန်ရမလဲဆိုတာ ကိုယ့်ကိုပြောပြစမ်းပါ။

"ဒါဆိုလည်း မင်းကာကွယ်ပေးပေါ့။ ကဲကိုယ်အလုပ်လုပ်ဦးမယ်။"

ရှိုင်းရဲ့ စကားအတိုင်း အခန်းအတွင်းမှ ပြန်ထွက်လာခဲ့ပေမယ့် မှန်နံရံကိုဖြတ်လို့ လှည့်ကြည့်မိတော့ မဒီ့ကို ရီဝေဝေကြည့်ကာဝမ်းနည်းရိပ်သန်းနေတဲ့ရှိုင်းကိုတွေ့ရသည်။ ထို့နောက်တွင်တော့ လိုက်ကာစအထူဟာ မြင်ကွင်းကိုဖုံးကွယ်ပစ်လိုက်ပါသည်။အကြောင်းကတော့ ရှိုင်းလက်ထဲက remove လေးကြောင့်သာ။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now