အပိုင်း(၂၉)

583 35 3
                                    

Unicode

လက်လုပ်လက်စားသမားများသာအများစုရှိသည့် ဆင်းရဲသားရပ်ကွက်ထဲ ဒီလိုဇိမ်ခံစီးရတဲ့ ကားကြီးရောက်လာတာဟာ တစ်ရပ်ကွက်လုံးအတွက်ထူးဆန်းထွေလာတစ်ရပ်ဖြစ်လို့နေသည်။ ဟိုတစ်စု ဒီတစ်ယောက်နှင့် ကြည့်နေလိုက်သည်မှာ အတော်ပင်ထူးဆန်းစွာ။

“ရန်နိုင် မင်းဆင်းစမ်း အဲ့ဒီ့အရှေ့က အိမ်အကုတ်လေးတွေ့လား အဲ့ဒီ့အိမ်ပဲ မောင်တင့်လွင်ဘယ်သူလဲလို့မေးပြီး အကျိုးအကြောင်းပြော ပြီးရင်ကားဆီခေါ်ခဲ့ ငါဒီမှာကြာကြာမနေချင်ဘူးမြန်မြန်လုပ်”

“ဟုတ်ကဲ့ဆရာ”

ရေကိုထမ်းပိုးနဲ့ထမ်းရင်း ရေရောင်းစားတဲ့ခေတ်မရှိလောက်တော့ဘူးမှတ်တာ ရန်ကုန်မြို့ရဲ့ဒီလို ရပ်ကွက်မှာရှိနေသေးသည်။ အမိုးစုပ်စုပ်၊ အကာဗြဲလျှမ်းနဲ့ အိမ်မပီတဲ့တဲသာသာအိမ်ကလေးတွေစုနေတဲ့ ကျူးကျော်ရပ်ကွက်ဟာ ရန်ကုန်မြို့တော်ကြီးထဲကတစ်နေရာပါပဲ။ ရန်နိုင့်အနောက်ကကုတ်ကုတ် ကုတ်ကုတ်နဲ့လိုက်လာတဲ့လူဟာ တင့်လွင်ဆိုသူပဲထင်သည်။ ဒီလိုလူမျိုး သူ့ကားပေါ်ထိုင်ခိုင်းရမှာ သနပေမယ့် အသုံးလိုနေတော့လည်းမတတ်နိုင်ဘူး။

“ဆရာ”

“တက် ”

“မင်းကမောင်တင့်လွင်လား”

“ဟုတ် ဟုတ်ပါတယ်ဆရာ”

“အေး မင်းကို ငါခိုင်းစရာရှိတယ်။ ငါခိုင်းတဲ့ကိစ္စကိုသာမင်းလုပ်ပေးနိုင်ရင် မင်းမိသားစု တစ်သက်တာဖူလုံစေရမယ်ဆိုတာ ငါအာမခံတယ်။”

“ကျွန်တော်က ဘာလုပ်ရမှာလဲဆရာ”

“သိပ်မခက်ပါဘူး လွယ်ပါတယ် လွယ်လွန်းပါတယ်ကွာ ဟားဟား”

အချုပ်ခန်းရဲ့ထောင့်မှာမှီထိုင်နေရင်း အတွေးတွေက သူ့ကိုနောင်တမရဖို့သတိပေးနေသည်။ ဒီဘဝကလွတ်ဖို့ သူရင်းလိုက်ရတာသူ့ဘဝဆိုပေမယ့် သူ့အသက်ရဲ့ပိုင်ရှင်တွေအေးအေးချမ်းချမ်းနေနိုင်ဖို့ သူရင်းရသမျှနောင်တမရှိချေ။ ပထမသူ့ကိုငှားတဲ့လူကိုလည်း ပိုက်ဆံကြောင့်လက်ခံခဲ့ရသည်။ ခုဒုတိယမြောက်ကိုကျ ပိုသာတဲ့ကမ်းလှမ်းမှုကြောင့်လက်ခံလိုက်ပြန်သည်။ ခုလောလောဆယ်တော့သူ့ဘဝဟာ ဒီအချုပ်ခန်းထဲမှာ။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now