အပိုင်း(၂၂)

458 35 2
                                    

Unicode

နွေးရဲ့မတားစဖူးတားဆီသံတွေဟာ နားထဲတဝဲလည်လည်။ ခုတော့နွေးရဲ့တားဆ‌ီးသံတွေရဲ့အဓိပ္ပာယ်က်ုနားလည်သလိုလိုရှိပြီ။ သို့ပေမယ့် အကြီးကြီးကိုနောက်ကျသွားခဲ့လေပြီ။ ခုချိန်မှပဲ လေးလံလှတဲ့ခန္ဓာကိုယ်ကြီးက ငှက်မွှေးလေးလ်ုပေါ့ပါးသွားသလားမပြောတတ်။ အရာရာဟာ ဘာကြောင့်များဒီလောက်နောက်ပြောင်နေရပါသနည်း။ အနာဂတ်ဆိုတဲ့အရာထဲမှာ ဒီအရာတွေပါမနေတာ သူရောနွေးရောသိပါသည်။ မေမေ့ရဲ့တစ်ဦးတည်းသောသား။ နွေးရဲ့တစ်ဦးတည်းသောချစ်သူ။ ဒါတွေကိုတကယ်ပဲသူထားခဲ့ရတော့မလား။ အရှိန်နဲ့လွင့်ထွက်သွားတဲ့ခန္ဓာကိုယ်ဟာ အရှိန်ပြင်းပြင်းနဲ့ပြန်ကျတော့ သူ့ဦးနှောက်ရော၊အမြင်အာရုံပါအကုန်အမှောင်အတိကျလျက်။ကိုယ့်ကိုခွင့်လွှတ်တယ်မလားဟင် နွေး။ သားဘာဖြစ်သွားတာလဲမသိတော့ဘူးအမေ။

“ဒေါက်တာ ဒေါက်တာ! ရှိုင်းလေးကဘာလို့ဒီလောက်ကြာနေရတာလဲ ကျွန်မသမီးလေး...ကျွန်မသမီးလေး အခြေအနေ”

ဒေါ်ခက်ခက်မိုးတစ်ယောက်၏မိခင်ပုံရိပ်သည် သူ့ရင်သွေးသေမင်းနှင့်စစ်ခင်းကာမှလုံးလုံးလျားလျားပေါ်လာသလိုပင်။

“အခြေအနေကတော့အရေးပေါ်အခြေအနေမှာပဲရှိပါသေးတယ်။ ပြောရမှာစိတ်မကောင်းပေမယ့် ခုချိန်မှသူနဲ့ကိုက်ညီတဲ့ နှလုံးမရဘူးဆိုရင် ...”

“တောင်းပန်ပါတယ်ဒေါက်တာရယ်~~ကျွန်မ~~ကျွန်မသမီးလေးကိုကယ်ပေးပါ~~ကျွန်မနှလုံးကိုယူပါ ကျွန်မတို့ကသားအမိဆိုတော့ ကိုက်ညီမှာပါ ကျွန်မသမီးလေးကိုကယ်ပေးပါ~~”

ကြမ်းပြင်ပေါ်ရုတ်တရက်ကြီး ဒူးထောက်ချရင်း လက်အုပ်တွေချီကာ တောင်းပန်နေရှာတဲ့ ဒေါ်ခက်ခက်မိုးကိုကြည့်ရင်း မိခင်တစ်ယောက်ရဲ့သောကဗျာပါဒကိုခံစားရစေသည်။ သို့သော်သူတို့တွေမှာလည်းစည်းမျဉ်းစည်းကမ်းနဲ့။

“ဒေါ်ခက်ခက်မိုးထပါဗျာ ကျွန်တော်တို့တွေမှာလည်းစည်းမျဉ်းတွေရှိတယ်။ ကိုက်ညီနေရင်တောင် အသက်ရှင်လျက်ရှိနေတဲ့လူဆီကနှလုံးယူလို့မရဘူး။ ဒါသားအမိပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်။ စိတ်ချပါ။ကျွန်တော်တို့အကောင်းဆုံးကြိုးစားကုသကြမှာပါ။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းရေးဌာနဘက်ကိုလည်း ကျွန်တော်အကူအညီတောင်းထားပါတယ်”

မဆုံသောမျဉ်းပြိုင်Tempat cerita menjadi hidup. Temukan sekarang