အပိုင်း(၂၀)

473 42 4
                                    

Unicode

ရှိုင်းတစ်ယောက်မွေးနေ့အမှီထူထူထောင်ထောင်ပြန်ဖြစ်လာသည့်အတွက် တစ်အိမ်သားလုံးစိတ်ချမ်းသာရသည်။ ဥက္ကဌကြီးကဆို ရှိုင်းရဲ့မွေးနေ့ပွဲကိုခမ်းနားစွာကျင်းပပြီး ဒုဥက္ကဌရာထူးအားတရားဝင်လွှဲပေးမယ်လို့တောင်စီစဉ်နေသည်။ မေမေကြီးကတော့ ခုထက်ထိ မဒီ့အားအမြင်မကြည်သေးပါ။ မဒီ ဒီအိမ်မှာရှိနေလို့ ပြန်မလာတာဟုပင်ဆိုသေးသည်။

"ဘယ်တုန်းကရောအိမ်ကပ်ဖူးလို့လဲ"

ရှိုင်းခပ်ရွဲ့ရွဲ့မေးတော့ ပခုံးတစ်ချက်တွန့်ပြကာ ထွက်သွားသော မေမေကြီးဆိုသူဒေါ်ခက်ခက်မိုးမှာ ဘယ်တုန်းကမှအကြောင်းပြချက်ရှိမနေပါ။

မွေးနေ့ပွဲပြင်ဆင်သူတွေနှင့်ရှုပ်ယှက်ခက်နေတဲ့ ခြံကြီးထဲမှာ ရှိုင်းတစ်ယောက်ရပ်နေရင်းမျက်စိရှုပ်လာသည်မို့ ဘယ်သူမှမလာရအမိန့်ထုတ်ဖူးသောရေကူးကန်ဘက်ကိုသာထွက်လာခဲ့လိုက်သည်။ ဒီလောက်အလုပ်ရှုပ်နေတာ မဒီတစ်ယောက်လည်းအားမည်မထင်ပါ။ ခပ်ငိုင်ငိုင်နှင့်ပင် ရေကန်ဘောင်ပေါ်ထိုင်ချမိသည်။ ဝတ်ထားတဲ့စတိုင်ပန်ကိုတော့ ဒူးအထက်ထိခေါက်လိုက်ကာ ရေကန်ထဲခြေထောက်ချထားလိုက်သည်။ တစ်စုံတစ်ယောက်သူ့ရှေ့‌ဒီလိုလုပ်တာသူမြင်ဖူးသည်လေ။

"ရှိုင်း"

နောက်ဘက်ဆီမှခေါ်သံကြားလို့လှည့်ကြည့်မိတော့မဒီ။ မျက်လုံးတွေမှိတ်တဲ့အထိရယ်ပြလိုက်တော့ သဘောကျစွာလိုက်ပြုံး၏။

"လက်ထဲကဘာတွေလဲ"

"ခြံထဲအလှဆင်ဖို့မီးသီးနဲ့မီးကြိုးတွေ ခဏလေးဒါသွားပို့ပြီးပြန်ခဲ့မယ်"

"ဟုတ်ကဲ့"

ဟုတ်ကဲ့ဆိုတဲ့စကားကိုသဘောကျကာခစ်ခနဲရယ်သွားသောမဒီ့အား သူပြုံးပြီးသာကြည့်နေမိသည်။ ကိုယ့်အသက်ရှင်ရမယ့်အကြောင်းတရားဟာမင်းပဲ။ ကိုယ်မင်းအနားရှင်သန်ချင်တယ်။

"ရှိုင်း"

မဒီရောက်လာပြီးရှိုင်းဘေးနားဝင်ထိုင်သည်။

"မြန်လိုက်တာ"

"မျက်စိခဏမှိတ်"

"ဘာလို့"

မဆုံသောမျဉ်းပြိုင်Where stories live. Discover now