အပိုင်း(၇)

630 63 3
                                    

Unicode

“ရှိုင်းလေး breakfast စားဦးလေ”

ဒေါ်ခက်ခက်မိုးကသာပြောနေသည်။ ရှိုင်းခက်သွယ်ကတော့ ခြေလှမ်းတွေကိုသွက်ရင်း ကားဆီကိုဦးတည်သည်။ ဒီမလုံလောက်မှုတွေကို ဖြည့်တင်းပေနိုင်ဖို့ က်ြိုးစားနေမှုက ရူးမိုက်ရာပဲကျနေသလိုလို။ ‌မျက်ရည်တွေရစ်သိုင်းလာရင်း အသံကို မြှင့်လိုက်မိသည်။

“ရှိုင်း မာမီပြောနေတာမကြားဘူးလား!”

ရှိုင်းခက်သွယ်ရဲ့ခြေလှမ်းတွေတုန့်ခနဲရပ်ကာ လှည့်မကြည့်ပဲ ပြောလိုက်သည်။

“မာမီဘယ်လိုထင်ထင် သဘောပဲ”

ရှေ့ဆက်သွားသည့်သူရဲ့ကျောပြင်ကိုကြည့်ရင်းကနေ ဒေါ်ခက်ခက်မိုး မြင်ကွင်းတွေဝေဝါးသွားခဲ့သည်။ ပါးပြင်ပေါ်မျက်ရည်တွေစီးကျရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်။ မာမီ့ကို ဒီလောက်တောင်မုန်းသွားသတဲ့လား။ မာမီလုပ်သမျှရှိုင်းဖို့ဆိုတာ နည်းနည်းလေးတောင်မခံစားရဘူးတဲ့လား။

ခြံထဲတွင် BMWကားအနက်လေးကအဆင်သင့်စောင့်နေသည်။အိမ်ဝတွင် အမျိုးသမီးတစ်‌ယောက်နှင့်အမျိုးသားတစ်ယောက်ကတော့suit နှင့်အဆင်သင့်အနေအထားရှိနေသည်။ သူတို့နဲ့မလှမ်းမကမ်းတွင်တော့ ကုတ်ကုတ်ကလေးရပ်နေသော မေမဒီ့ကိုတွေ့ရသည်။ထိုအမျိုးသားက သူ့ကိုမြင်တာနဲ့ ဦးညွှတ်အရိုအသေပေးကာ တံခါးဖွင့်ပေးသည်။

“အောင်ခန့်ရော”

“ကိုအောင်ခန့်အစားကျွန်တော်လိုက်မှာပါ”

“ခန့်သူရ!”

“မေမေကြီးအမိန့်ပါမမလေး”

“တောက်!”

ဒေါသထောင်းခနဲထွက်သွားသည်။ သည်းခံနိုင်မယ့်စိတ်တွေကုန်ချေပြီ။ နှစ်ရက်တောင်မပြည့်သေးပဲ ဒီနိုင်ငံပြန်လာခဲ့မိတာအတွက် သူ့ဆီမှာတော့ နောင်တတွေအကြိမ်ပေါင်းများစွာရနေပြီ။ ခြေလှမ်းကျဲတွေကို အိမ်ထဲသို့ပြန်ဦးတည်လိုက်ရင်း ဒုန်းစိုင်းလျှောက်လာမိသည်။ ဒေါသကြောင့်ပူလောင်ခြင်းတွေကသူ့တစ်ကိုယ်လုံးကိုဝါးမြိုထားသည်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now