အပိုင်း(၃၀)

537 40 5
                                    

Unicode

ငိုရှိုက်နေရင်း သတိဝင်လာတော့ ချက်ချင်း ခွာထိုင်လိုက်မိသည်။ ဒီလို ငိုဖို့ရာ ပုခုံးတစ်ခုလိုအပ်တဲ့အချိန်မှာ ပုခုံးငှားပေးခဲ့တဲ့ သူ့ရှေ့ကအမျိုးသမီးကို ကျေးဇူးတင်ပေမယ့် တခြားနီးကပ်မှုမျိုးမလိုအပ်ပေ။

“ကျေးဇူးပါ ‌နွေး”

“ရပါတယ် ယူအဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ် နွေး ပြန်ဖို့အဆင်ပြေအောင် ကိုယ်လိုက်ပို့ခိုင်းလိုက်ပါ့မယ်။ တမျိုးတော့မထင်ပါနဲ့ ကိုယ်တစ်ယောက်တည်းနေလို့ရမလား”

“အာ ရတာပေါ့။ ဒါဆိုတို့ပြန်ဦးမယ်။ တစ်ခုခုဆိုဖုန်းဆက်လိုက်ပေါ့”

ခွန့်တုံ့ပြန်ဖို့ထက် ဒီအခြေအနေမှာပြီးပြီးရော ခေါင်းတစ်ချက်သာညိတ်လိုက်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာ သူတစ်ယောက်တည်းကပဲဖြေရှင်းရတော့မှာသေချာနေတာမို့ ခုလိုပြိုလဲနေရင် ပိုပြီးလမ်းပျောက်မှာစိုးရသည်။ မဒီ့ကိုရင်ဆိုင်ဖို့ ဘယ်အင်အားနဲ့မှရမှာတဲ့လဲ။ သိပ်မုန်းနေလားဟင်။ ကိုယ့်ကိုသိပ်မုန်းသွားလား။

အပေါ်ထပ်‌တက်လာခဲ့ပြီး အခန်းထဲရောက်ရုံရှိသေး message တစ်စောင်ဝင်လာခဲ့သည်။ ‌သံစဉ်နွေးဆီက မဒီ့ကိုလမ်းထိပ်မှာတွေ့တယ်ဆိုတဲ့ စာလေးတစ်စောင်သာဖြစ်သည်။ ပျော်သွားရတဲ့အပျော်ဟာ တစ်ကမ္ဘာလုံးကိုအပိုင်ရသွားသလိုမျိုး။အရာအားလုံးထက်ကိုယ်မင်းကိုပဲပိုလိုအပ်တာ။ ဘယ်လိုတောင်းပန်ရတောင်းပန်ရ ကိုယ်တောင်းပန်ပါ့မယ်။

လေးလံနှေးကွေးတဲ့ခြေလှမ်းတွေဟာ ခြေလှမ်းတစ်ခုစာအတွက်တောင် အတော်လေးအားစိုက်ထုတ်နေရသည်။ မြင်ကွင်းထဲကရှိုင်းရဲ့ပုံစံ။ ရှိုင်းကိုပွေ့ဖက်ထားတဲ့ အမျိုးသမီးရဲ့ရဲတင်းစွာကြည့်လိုက်သောအကြည့်။ ရင်ဝမှာအစိုက်ခံလိုက်ရတဲ့ မြှားတစ်ချောင်းတစ်ခုလို။ လျှောက်နေရင်းနဲ့ ရှိုင်းတို့လမ်းထိပ်နားရောက်လာခဲ့သည်။ ဒီအချိန်မှာ ခဏလောက်မှ ဖွင့်ဟမငိုလိုက်ရရင် ဗုံးတစ်လုံးပေါက်ထွက်သွားတော့မလို ရင်ထဲဗလောင်ဆူနေခဲ့သည်။ ‌ တွေ့တဲ့အုတ်ခုံမှာဝင်ထိုင်ရင်း စိတ်ထဲကရှိသမျှနာကျင်မှုတွေကို မျက်ရာ်အဖြစ်အသွင်ပြောင်းလိုက်တော့သည်။လူကုံထံရပ်ကွက်ပီပီ လူသွားလူလာရှင်းလို့သာတော်တော့သည်။ မဟုတ်ရင် လူအများကြီးကြားတောင်ထိုင်ငိုနေတဲ့ သနားစရာလူတစ်ယောက်အဖြစ်အကြည့်ခံရတော့မှာလေ။ ထိုစဉ်ရုတ်တရက်ဆိုသလို ရပ်လာသောကားတစ်စီး။ ကားအနောက်ခန်းကနေ ဆင်းလာတဲ့ မိန်းမခြေထောက်လှလှလေး။ ဖိနပ်။ ခုနက ရှိုင်းအိမ်မှာတွေ့ခဲ့တဲ့ဖိနပ်။ တဖြေးဖြေးမော့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာအလှပိုင်ရှင်အမျိုးသမီး။ သူ့ကိုရန်သူတစ်ယောက်လိုကြည့်ရင်း တစ်လှမ်းချင်းလျှောက်လာလေသည်။ ဒီအချိန်မှာ သူသိတာဟာ ရှောင်ထွက်သွားလိုက်ချင်တာပဲ။

မဆုံသောမျဉ်းပြိုင်Onde histórias criam vida. Descubra agora