အပိုင်း(၁၁)

449 60 6
                                    

Unicode

“တီ...တီ...”

“ဟယ်လို ဒေါ်ဆွေမြင့် အခြေအနေဘယ်လိုလဲ”

တစ်ဖက်ကဖုန်းဝင်ဝင်လာချင်း အလောတကြီးမေးမိသည်။ သူလောရတော့မှာပဲ။ သူ့ရင်ခွင်ထဲခေါင်းဝှက်ပြီးငိုနေတဲ့တစ်ယောက်ယောက်အတွက်သူပူထူပြီး လောနေမိပြီ။

“မမလေး~~မဒီလေးကို ဘယ်လိုလုပ်ရမလဲဟင် ကျွန်မဘယ်လိုပြောရမလဲ~~”

“ဟင် ရှင်းရှင်း... ရှင်းရှင်းပြောပါဒေါ်ဆွေမြင့်ရယ် ဘာဖြစ်တာလဲ ကိုယ့်ကိုပြောပြပါ”

“မမမေဆုံးပြီတဲ့~~မမမေနှလုံးဖောက်တာ အသက်မကယ်လိုက်နိုင်ဘူး~~မဒီလေးကို ဘယ်လိုပြောကြမလဲဟင် သနားလို့ သနားလို့ ကျွန်မတော့ပြောမထွက်ဘူး~~”

ကာယကံရှင်တော့မသိ။ သူ့အနေနဲ့တောင်မွန်းကြပ်သွားသည်။ တကယ့်ကိုဘာတွေဖြစ်နေတာလဲကွာ။

“တီ တီဆွေမလားဟင် ဘာတဲ့လဲ ဘာတဲ့လဲဟင် အမေ~~အမေသက်သာသွားပြီတဲ့လား ”

“ကိုယ်ပြောတာနားထောင်နော် စိတ်ကိုလျှော့ထား”

မမလေးမျက်ဝန်းတွေကရီဝေလျက်ရှိသည်။ ကြင်နာတဲ့အရိပ်အယောင်တွေ၊သနားနေတဲ့အကြည့်တွေ။ ဟင့်အင်းအဲ့လိုမကြည့်နဲ့။မကြည့်ပါနဲ့။မဟုတ်ဘူး။ မပြောနဲ့။

“အန်တီ...”

“မဟုတ်ဘူး! မပြောနဲ့! လျှောက်ပြောနေကြတယ်! အမေဘာမှမဖြစ်ဘူး”

“မဒီ စိတ်ထိန်းလေ ကိုယ့်ကိုကြည့်စမ်း”

မဒီ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့အသာအယာပင့်မရင်း မျက်နှာချင်းဆိုင်စေသည်။ မဒီနှင့်အတူ သူလည်း မြေကြီးပေါ်ဝယ်ဒူးထောက်ထိုင်လျက်ပင်။

“မဒီ..မဒီသန်မာမှရတော့မယ် မဒီ့မောင်လေးတွေအတွက် မဒီကိုယ်တိုင်အတွက် မဒီသန်မာမှရတော့မယ် ငိုပါ စိတ်ကြိုက်သာငိုပါ။ ကိုယ်ကာကွယ်ပါ့မယ်။ ကိုယ်ရှိပါသေးတယ်~~”

အဖျားသတ်တုန်ယင်သွားတဲ့အသံနဲ့အတူ မဒီ့ကို ရင်ခွင်ထဲဖက်ထားမိသည်။ မဒီ့ရှိုက်သံတွေကြားမှာ သူ့မျက်ရည်တွေလည်းကျခဲ့သည်။ ဒါကိုမဒီမသိရဘူး။ မဒီ့အမြင်မှာ သူအမြဲမာကျောနေစေရမယ်။ သူကျမိတဲ့မျက်ရည်တွေမဒီမမြင်စေရဘူး။ဘာလို့လဲတော့ သူကိုယ်တိုင်လည်းရေရေရာရာမသိ။ သူဟာကာကွယ်နိုင်သူတော့ဖြစ်ချင်သည်။ သူနဲ့သိတာမကြာသေးတဲ့မိန်းမတစ်ယောက်အတွက်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now