အပိုင်း(၃၂)

786 45 5
                                    

Unicode

“ဘာ! မင်..မင်္ဂလာဆောင်တယ်! ”

“ပြောတော့ မင်းပိုင်ပါတယ်ဆို ဘယ်လိုလဲမိန်းကလေးရဲ့ ပိုင်လွန်းလို့ ငါ့အကြောင်းတွေတောင်ပေါ်တော့မလို့”

“ပိတ်ထား ရှင့်ပါးစပ်ပိတ်ထား!”

ချပစ်လိုက်ပြီ‌ဖြစ်‌သောလက်ထဲမှဖုန်းကို စူးစိုက်ကာကြည့်နေမိသည်။ မဖြစ်ရဘူး။ မပျော်ရဘူး။ ငါဒီတိုင်းလွှတ်ထားပေးမယ်ထင်နေကြတာလား။ လမ်းလည်ခေါင်တွင်ရပ်ကာ နှုတ်ကတတွတ်တွတ်‌ရွတ်နေမှုသည် ဘေးကဖြတ်သွား‌ဖြတ်လာများ၏ မျက်စိကစားစရာဖြစ်လာသည်။ ကာယကံရှင်ဖြစ်သူကတော့အသိစိတ်ကင်းကာ သတိမမူမိချေ။

“ကိုခန့် နင့်နှလုံးသားနဲ့အဲ့ဒီ့မိန်းမက တခြားလူကို ချစ်တယ်တဲ့ လက်ထပ်တယ်တဲ့~~ငါ့ကိုရော~~ငါလက်မလွှတ်နိုင်ဘူး~~ခန့်လွန်းသော် နင်ဘယ်ရောက်နေလဲကြားလား~~ ငါတားခဲ့ရမှာ~~ငါမှားသွားတာ နင်မသွားအောင်ငါတားခဲ့ရမှာ ဟင့်~~ ကိုကို ငါ‌တစ်ယောက်တည်း~~ခုငါတစ်ယောက်တည်း~~”

လမ်းလည်ခေါင်မှာ ဆောင့်ဆောင့်လေးထိုင်ကာ ဒူးလေးကိုပိုက်လို့ ငိုယိုနေတဲ့မိန်းကလေးဟာ အရာရာအားလုံးအတွက် ရင်ဆိုင်ဖို့အင်အားတွေကုန်ခမ်းသွားသည့်နှယ်။

“နွေး...”

နားထဲဖြတ်ပြေးသွားတဲ့ လေလှိုင်းလေးတစ်ခု။ ခေါင်းဆက်ခနဲထောင်ကာ လိုက်ရှာမိတော့ မီးရောင်စုံ‌လင်းထိန်ကာ မြို့ပြအလှအပြည့်ရှိနေတဲ့ မြင်ကွင်းတွေကဆီးကြိုသည်။ သူ့မျက်ဝန်းတွေထဲက မျက်ရည်ဥတွေလိမ့်ဆင်းလာလို့ဝေးဝါးသွားတဲ့မြင်ကွင်းမှာတောင်သူရှာနေတဲ့အသံပိုင်ရှင်ဟာပေါ်မလာပါ။

“ကိုခန့်~~”

သူ့အသံတွေ‌နာမတတ်အော်ဟစ်ခေါ်နေတာတောင် ပြန်ထူးသူဟာရှိမနေပါ။ လမ်းပေါ်ကသူ့အခြေအနေကို လူတွေဟာကရုဏာသက်စွာ ကြည့်လာပေမယ့် သူ့ကိုတော့ ကူညီမသွားကြချေ။

“ကိုခန့်~~! ကိုကို... ငါတကယ်ရူးသွားတော့မယ် ထင်တယ် ငါရူးသွားတော့မှာပဲ ကိုခန့်ရယ်~~”

ထိုအခြေအနေကနေတော်တော်လေးစိတ်ကပ်ပြီးမှ နေထိုင်ရာရပ်ကွက်ဆီကို ရောက်လာခဲ့သည်။ ဒီလမ်းတွေလေ နင်နဲ့ငါအမြဲလျှောက်နေကျ။ အရင်အချိန်တွေမှာဘေးမှာနင်ပါတယ်။ခုတော့ ငါ‌တစ်ယောက်တည်း။ ပါးပေါ်ကျဆင်းလာတဲ့ မျက်ရည်တွေကိုသုတ်ဖို့ လက်ရွယ်လိုက်တုန်း မြင်ကွင်းထဲဝင်လာတဲ့ လမ်းထိပ်ကမီးရောင်ဝါဝါကျန့်ကျန့်နဲ့ ဓာတ်တိုင်လေး။ အိမ်ပြန်နောက်ကျတဲ့ညနေတွေတိုင်းမှာ တစ်စုံတစ်ယောက်ဟာ ခပ်ပြုံးပြုံးမျက်နှာနဲ့ ကြိုဆိုနေတတ်ခဲ့သည်။ ခုတော့ထိုနေရာတွင် ဗလာနတ္ထိဆိတ်သုဉ်းနေ၏။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now