part(01)

5.6K 181 8
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
သိမ်းပိုက်တော်မူခန်း
အပိုင်း(၁)
ညီလာခံသဘင်၌ ဖြစ်သည်။
ဘုရင်မင်းမြတ်သည် မျက်နှာတော် မသာမယာဖြင့် ထိုင်နေသည်မို့ ညီလာခံ တက်ရောက်ကြသူများလည်း တုတ်တုတ်မှ မလှုပ်ဝံ့ကြပေ။

"ဦးရီးတော် ရော ညီလာခံ မတက်ဘူးလား"

"ဦးရီးတော်ကို မတွေ့ရှိကြောင်းပါ အရှင်"

"အင်း ပြဿနာကို ရှာချင်တိုင်း ရှာထားပြီးရင် ဘယ်တော့ မှ ညီလာခံ မတက်‌ဘူး။နန်းတွင်း လုံခြုံရေး အစောင့်တွေ ဦးရီးတော်ရဲ့ အဆောင်ကို အခုသွားပြီး မပါပါအောင် ခေါ်ဆောင်လာခဲ့ကြစေ "

"အမိန့်နာခံလျှက်ပါ အရှင်"

နန်းတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ဦးရီးတော်ကို ဆင့်ခေါ်ရန် အတွက် ဦးရီးတော် နန်းဆောင်သို့ ထွက်ခွာသွားကြလေသည်။

မင်းကြီး၏ မျက်နှာတော် မသာမယာ ဖြစ်နေရသည်မှာ မနေ့ညက ဦးရီးတော်သည် သူ၏ အဆောင်ရှေ့က ဖြတ်သွားသော ဘုရင့်အပျိုတော် တဦးကို အိပ်ဆောင်ထဲသို့ အတင်း အဓမ္မဆွဲခေါ်သွင်း ခဲ့‌တာက တကြောင်း၊

တိုင်းရေးပြည်ရာ နှင့် သက်ဆိုင်သော အမျိုးမျိုးသော ကိစ္စ အကြောင်းအရာတို့ကြောင့် တကြောင်း၊ အကြောင်းနှစ်မျိုးကြောင့်ပင် ဖြစ်လေသည်။

ဤနိုင်ငံက ဘုရင်မင်းကြီး၏ အမြဲတမ်းဖြေရှင်းမရနိုင်သော ပြဿနာတခုမှာ သူနှင့် မွေးနေ့၊မွေးလ၊မွေးနှစ်၊မွေးချိန် အတူတူ မွေးခဲ့သော သူ၏ ဦးရီးတော်ပင်ဖြစ်သည်။

ဘုရင်မင်းမြတ် အိမ်ရှေ့မင်းသားဘဝကတည်းက ဦးရီးတော်သည် လောင်ကစားဝိုင်းများသို့ လှည့်လည်သွားလာပျော်ပါး‌ေနခြင်း၊အချိန်ရှိသရွေ့ သေရည်သေရက်ကိုသာသောက်စားကာ ဆောင်ကြာမြိုင်များမှ အလှနတ်သမီးလေးများနှင့် ပျော်ပါးနေခြင်း နှင့်သာ အချိန်တွေကို ကုန်လွန်ခဲ့သည်။

ပိုပြီးဆိုးတာက ဦးရီတော် ၏နန်းဆောင်ရှေ့ အချိန်မတော် ဖြတ်သွားမိသော အပျိုတော်များကို အိပ်ခန်းဆောင်အတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းတတ်ခြင်းပင်ဖြစ်သည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now