part (11)

1.5K 66 2
                                    

အချစ်သို့ မျက်နှာမူ၍ (သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၁)
ထိတ်လန့်သွားရာကနေ အဲလက်က ဟန်ချက်ကို ထိန်းလိုက်လေသည်။
ဟုတ်သားပဲ ငါက အရင်ကလိုမှ မဟုတ်တာ။အခု အစွမ်းတွေနဲ့ပဲဟာ ဘာလို့ ထိတ်လန့်နေမိတာပါလိမ့် လို့ တွေးကာ သင့်တော်ရာ၌ ထိုင်ကာ ငြိမ်သက်နေမိသည်။

ဦးရီးတော် လီယိုကလည်း ကုတင်ပေါ်ကနေဆင်းပြီး အဲလက်၏ နံဘေး၌ ဝင်ထိုင်ကာ နေရာယူလိုက်လေသည်။

ပြီးတော့ လေသံ ခပ်တိုးတိုးနှင့် ပြောနေပြန်သည်။

"အတော်ပဲ မင်းကြီးကို သက်သေထားပြီး မင်းကို လက်ထပ်ခွင့်တောင်းမှပဲနော် အဲလက်"

အဲလက်က မျက်လုံးရွဲကြီးတွေနှင့် ဦးရီးတော် ကို မျက်စောင်း ထိုးပစ်လိုက်မိသည်။

မျက်‌ေစာင်းထိုး‌ေနရင်းကကို  ဦးရီးတော်၏ ပြုံးစိစိ မျက်နှာကြီးကို ပြန်ပြီး ငေးမော မိရပြန်သည်။နေမကောင်းဖြစ်ပြီး နေလောင်ဒဏ်ကြောင့် ညိုပြီး ညှိုးနွမ်းနေတာတောင် ဦးရီးတော်က ချောမော နေတုန်းပဲ။ကျတော့်ကို ဆွဲဆောင်နိုင်နေတုန်းပဲ ဟု အဲလက်က တွေးလိုက်မိသည်။

ထိုအခိုက်၌ပင် မင်းကြီးက ဦးရီးတော်၏နန်းဆောင်တော် အတွင်းသို့ ဝင်ရောက်လာလေသည်။

"မင်းကြီးကို အရိုအသေပေးပါတယ်"

မင်းကြီးက ဦးရီးတော်ကိုရော အဲလက်ကိုပါ ကြည့်ကာ

"အင်း ဦးရီးတော် ရဲ့ ကျန်းမာရေးကို ကိုယ်‌ေတာ် လာကြည့်တာပါ။ဘယ့်နှယ့်နေလဲ သက်သာရဲ့လား?"

"အခုတော့ နေသာ၊ထိုင်သာ ရှိနေပါပြီ မင်းကြီး ။အဲလက်က ဘဲသားဆန်ပြုတ်လည်း ပြုတ်တိုက်တယ်။ဆေးလည်း ကျိုတိုက်တယ်"

ဦးရီးတော်၏ စကားကြောင့် မင်းကြီးက ဖုံပေါ်၌ ထိုင်နေရာကနေ ထလာပြီး အဲလက်၏ အနီးသို့သွားကာ

"မင်းအပေါ် ကိုယ်တော် အထင်အမြင် လွဲမှားခဲ့တာလေးတွေ ရှိခဲ့တာအတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်ချင်တယ် အဲလက်"

"ရပါတယ် မင်းကြီး ကျတော်က ဦးရီးတော်ရဲ့ နန်းဆောင်ထဲမှာပဲ အေးအေးဆေးဆေး နေချင်တဲ့သူပါ"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now