part (13)

1.3K 46 3
                                    

အချစ်သို့ မျက်နှာ မူ၍ (သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၃)
အဲလက်က ဦးရီးတော် လီယိုကို စိတ်ကောက်ပြီး တလမ်းလုံး စကားမပြောချေ။

ဦးရီးတော် လီယို ကတော့ လမ်းတလျှောက်လုံး ပြုံးပြုံးကြီးနှင့် ပင် အဲလက်ကို ငေးမောကာ ကြည့်နေလေသည်။

ဦးရီးတော်၏ နန်းဆောင်ကို ရောက်မှ အဲလက်က ဦးရီးတော်လီယို၏ အဝတ်အစားများကို ပုံမှန်ဝတ်နေကျ ခပ်ရိုးရိုး အဝတ်အစားနှင့်ပင် လဲဝတ်ပေးလိုက်သည်။

"အဲလက် မင်း မြို့တော်ထဲကို ရောက်ဖူးလား"

ဦးရီးတော်၏ ဝတ်ရုံကို လဲဝတ်ပေးပြီး သူ့ကိုယ်သူ အဝတ်အစားလဲနေသည့် အဲလက်က ဦးရီးတော် လီယို့ ကိုလည်း စိတ်ကောက်မပြေသေးပါဘူး။

"ဘယ်သူကမှ ကျတော့်ကို  လိုက်မပို့ဖူးဘူး"

လို့သာ ခပ်ငေါ့ငေါ့လေး ဖြေလိုက်သော အဲလက်၏ စကားလေးကြောင့် ဦးရီးတော် လီယိုက ပြုံးပြုံးကြီး ဖြစ်သွားလေသည်။

"အဝတ်အစား မြန်မြန်လဲ လိုက်လေ ။ကြက်ကြော်လည်း လိုက်ဝယ်ကျွေးမယ်။ပြီးတော့ .......'"

"ပြီးတော့ ဘာဖြစ်လဲဟင်"?

"မင်းအတွက် မိန်းကလေးဝတ် အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေ လည်း ဝယ်ရမယ်လေ"

ဦးရီးတော်လီယို၏ စကားကြောင့် အဲလက် က မှန်တင်ခုံသို့ မှောက်ချကာ

"ကျတော်က ယောက်ျားလေးလေ ဦးရီးတော်ရဲ့"

လို့ ပြန်အော်လိုက်သည်။

ဦးရီးတော်ကတော့ ပြုံးတုံ့တုံ့ မျက်နှာကြီးနှင့် လှမ်းကြည့်ကာ သဘောကျနေလေသည်။

"ဘာဖြစ်လဲ မင်္ဂလာပွဲနေ့ကျတော့ မင်းက မိန်းကလေး လို ပြင်ဆင်ရမှာ
အခုတည်းက အကျင့်ရအောင် ဝတ်ကြည့်ပေါ့"

အဲလက်က ဦးရီးတော် လီယိုအား ပွဲထဲမှာ ဟန်ဆောင်ခဲ့တာကို မကျေနပ်တာရော၊သူ့ကို မိန်းကလေးဝတ်ခိုင်းလို့ မကျေနပ်တာရော ပေါင်းပြီး စူပုတ်နေလေသည်။

ဒါကပင် ဦးရီးတော် ၏ မျက်လုံးထဲ၌ မချင့်မရဲ ဖြစ်ကာ စချင်၊နောက်ချင်စရာလေး ဖြစ်လို့နေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now