part (04)

2.5K 107 0
                                    

ဦးရီးတော်လီယို တယောက်အထိန်းတော်ကြီးရဲ့ ဇာတိရွာလေးကနေ
နန်းဆောင်ကို ပြန်ရောက်လာသည့်အခါ
သူ့အိပ်ဆောင်ထဲ မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် လူငယ်လေးကို ဝင်တွေ့လေသည်။

"အထိန်းတော်ကြီးက ဘာကြောင့် သေဆုံးသွားရတာလဲ"?

"ကျတော်သူ့ကို မသတ်ပါဘူး။သူက အသက်အရွယ်ကြီးလာပြီး သူ့ခန္ဓာကိုယ်က တခုခု ဖောက်ပြန်ပျက်ဆီးလို့ သေဆုံးသွားတာ နေမှာပေါ့"

ဦးရီးတော် လီယိုက လက်‌ေတွကို သူ့ခန္ဓာကိုယ်၏ နောက်မှာပစ်ထားကာ ‌လူငယ်၏ရှေ့မှာပင်ခေါက်တုံ့၊ခေါက်ပြန် လမ်းလျှောက်ပြီး စဉ်းစားနေလေသည်။

"ဦးရီးတော်ရဲ့ အထိန်းတော်ကြီး ဆုံးပါးသွားလို့ ကျတော် စိတ်မကောင်းပါဘူး။ဒါထက် ကျတော့်ကို လွှတ်ပေးပါအုံး ရေဆာလို့ပါ"

ဦးရီးတော်က သူကိုယ်တိုင်ပင် ရေကရားထဲက ရေကို ငှဲ့ထည့်ပေးနေပြီး လူငယ်ကို ကြိုးဖြည်ပေးခိုင်းလေသည်။

"ဟေ့ တယောက်လောက် သူ့ကို လွှတ်ပေးလိုက်ကြပါအုံး"

အချုပ်အနှောင်မှ လွတ်မြောက်လာသော လူငယ်သည် ရေကို အငမ်းမရသောက်နေလေသည်။

သူရေသောက်လို့ ပြီးသွားမှ ဦးရီးတော်က ဆက်မေးသည်။

"ဒါထက် မင်းက ဘယ်ကရောက်လာတာလဲ?ဘယ်အိမ်တော်ကလဲ"?

"ကျတော်က ကြယ်နတ်သားပါ တစုံတယောက်ရဲ့ တောင်းဆုကို ဖြည့်ဆည်းပေးဖို့ အတွက် ကြွေကျလာရတာပါ"

လူငယ်၏ စကားဆုံးသွားသောအခါ ဦးရီးတော်က ဟက်ဟက်ပက်ပက်ရယ်မောနေလေသည်။

"မင်းက ပုံပြင်ပြောကောင်းမယ့် လူပဲဖြစ်ရမယ် ။ဟုတ်ပါပြီ ထားလိုက်ပါတော့ မင်းက ကြယ်နတ်သားဖြစ်ကြောင်း တခုခု နဲ့ သက်သေပြပေးလို့ရမလား"?

ဦးရီးတော်၏ မထီတရီ စကားလုံးတွေ၊အမူအရာတွေကြောင့် လူငယ်က သက်ပြင်းကို ချကာ ဦးရီးတော်၏ အိပ်ခန်းတံခါးကို ပြေးပိတ်လိုက်လေသည်။

ရုတ်တရက်အလျင်စလိုပြုမူလိုက်တာမို့ ဦးရီးတော် လန့်သွားလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Donde viven las historias. Descúbrelo ahora