part (33)

1K 39 1
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၃)
ကျတော် အိမ်ကို ပြန်ရောက်တော့ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။
ကျတော်သောက်နေကျ အချိုရည် ပုလင်းကို ယူပြီး မော့ချလိုက်သည်။

"သား အလုပ်ကနေလည်း ထွက်လာခဲ့ပြီလား"?

မီးဖိုခန်း တံခါးဝ၌ လာရပ်ကာ မေးလာသော အမေ့မျက်နှာကို လှမ်းကြည့်လိုက်သည်။

"ထွက်လာခဲ့ပြီ အမေ၊
အမေ သားကို စိတ်ပူနေတာလား"?

"အင်း
ဒီမှာဆို အဲ့ဒီလို လစာရမယ့် အလုပ် သိပ်မရှိဘူးလေ သားရဲ့၊ကြည်ပြာ့ကိုပဲ ကြည့် သားလောက် လစာ မရဘူး'

စိုးရိမ်စိတ်တွေ ပြည့်နှက်နေသည့် အမေ့ မျက်နှာကိုကြည့်ကာ ကျတော် ပြုံးလိုက်မိသည်။ဒီသားနှင့် သမီး နှစ်ယောက်ပဲ ရှိတာ ပြီးတော့ နှစ်ယောက်စလုံး ကျောင်းပြီးသွားပြီ၊
ဘာမှ စိတ်ပူစရာ မရှိတော့တာကို။

သို့ပေသိ
တဖက်က ကြည့်လျှင် ကျတော်တို့ မောင်နှမ နှစ်ယောက် ကျောင်းတက်စဉ်က ဆို အမေက တယောက်တည်း တော်တော် ပင်ပန်းခဲ့သည်လေ။

ကျတော် အမေ့ကို ပွေ့ဖက်ထားလိုက်ပြီး

"ဟိုမှာဆက်နေရင် လစာလည်း ကောင်းတယ်။ရာထူးလည်း တိုးတော့မယ်ဆိုတာ သားသိပါတယ် အမေရယ်။ဒါပေမယ့် ဒီကိုပြန်လာတော့ အမေနဲ့လည်း အတူတူနေရတယ်။ကြည်ပြာနဲ့လည်း အတူတူနေရတယ် ပျော်စရာကြီးကိူ အမေရဲ့"

အမေက ကျတော့်ပါးပြင်လေးကို ကိုင်ကာ ပြုံးပြပြီး ပြောသည်။

"ဒီမှာက မီးကပျက်၊ခြင်ကပေါ၊ရာသီဥတုတွေက ပူ နဲ့ ငါ့သား အနေဆင်းရဲမှာ စိုးလို့ ပြောနေရတာပါ သားရယ်"

"အိမ်မှာ ခြင်လုံဇကာ တပ်ထားတယ်လေ"

"အိမ်မှာနေတုန်းတော့ ခြင်လုံတာပေါ့သားရယ်။ဒါပေမယ့် ငါ့သားက အိမ်မှာချည်း တချိန်လုံး နေနေရမှာ မဟုတ်ဘူးလေ။
ကြည်ပြာတော့ အခုအလုပ်မရခင် အရင်အလုပ်တုန်းကဆို ရိုက်ကွင်းက ခြင်တွေကိုက်လို့ ဆိုပြီး ညည်းရှာတယ်။
အမေ့မှာ သနားနေတာ သားရဲ့"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now