part (37)

1K 34 0
                                    

အပိုင်း(၃၇)
အိပ်ရာကနေ ကျတော် နိုးနိုးချင်း ထထိုင်လိုက်သည်။ဒီမနက်ခင်းမှာပဲ အင်တာဗျူး လုပ်ဖို့ မီဒီယာတွေ နှင့် ချိတ်ဆက်ထားတာ ဖြစ်သည်။

အောက်ထပ်ကို ရောက်သွားရင်ပဲ ကျတော့် မန်နေဂျာနှင့် မိတ်ကပ်သမား၊ဒီဇိုင်နာတွေက ရောက်လာနေကြပြီ။

"ဟော။ ရောက်လာကြပြီလား ?
လာ လာ အိမ် ထဲ ကို ဝင်"

အားလုံး အိမ်ထဲကို ရောက်လာကြမှပင် ကျတော် ရေမချိုးရသေးတာကို သတိရလိုက်မိသည်။ရေချိုးရန်အတွက် အပေါ်ထပ်သို့ တက်တော့မည့် ကျတော့်ကို မန်နေဂျာ ညီလေးက လက်ကို လှမ်းဆွဲကာ တားလိုက်လေသည်။

"အကို မနက် (၈)နာရီခွဲလောက်ကို ကျတော်ချိန်းထားတယ်။သူတို့ လာကြလိမ့်မယ်။
ဪ ပြီးတော့
ဆရာကမှာလိုက်သေးတယ်။
အကိုက ဂေးတယောက်ဖြစ်တာကို ဝန်မခံ သေးနဲ့အုံးတဲ့။
အခု လောလောဆယ် အကို့ကောင်လေးနဲ့ လည်း ခဏလောက် အဆက်အသွယ် ဖြတ်ဖို့ မှာလိုက်သေးတယ်။
ခဏနေရင် ဆရာလည်း လိုက်လာမယ်လို့ ပြောတယ်နော် အကို"

ကျတော် ရုတ်တရက် ဘာစကားမှ မဆိုနိုင်သေးဘဲ မန်နေဂျာလေးကို ဆွံ့အ စွာ ကြည့်နေမိတော့သည်။တကယ်ဆို သူကလည်း အပြစ်ရှိတာ မဟုတ်ပါဘူး။
သူ့ အလုပ်ရှင်က ပြောခိုင်းလို့ဘပြောရတာသာ ဖြစ်သည်။

"ဟင်း....."

သက်ပြင်း တချက် ရှိုက်ထုတ်မိသည်။
ဘာမှ မတုံ့ပြန်ဖြစ်ဘဲနှင့် အိမ်ပေါ်သို့သာ တက်လာခဲ့မိတော့လေသည်။
..................

အစကတော့ ကျတော် ရေမချိုးခင် အဲလက်ဆီသို့ ဖုန်းခေါ်မည် ဟု တေးထားပေမယ့်။ကျ ‌ေတာ့် မန်နေဂျာ လေး ပြောသည့် စကားများကြောင့် ဖုန်းလည်း မခေါ်ဖြစ်တော့ချေ။

ရင်ထဲ၌လည်း
ဤလောက က မထွက်ခွာမှီ ကောင်းသော ခွဲခွာ ခြင်းကိုသာ လုပ်ချင်နေမိသည့် စိတ်နှင့်

ချစ်သူ အဲလက်လေးကိုတော့ တိတ်တိတ်လေး ခိုးမတွဲချင်။မသိမ်ငယ်စေချင်သည့် စိတ်နှစ်ခုက လွန်ဆွဲနေလေသည်။

စိတ်ရှုပ်ရှုပ်နှင့် ရေချိုးလိုက်သည်။
ရေချိုးနေရင်းက စိတ်ကို တည်ငြိမ်အေးဆေးသွားအောင် ပြန်လုပ်ယူနေရလေသည်။
ပြီးတော့ ဆုံးဖြတ်ချက်ချကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်လေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now