part (05)

2K 83 0
                                    

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(သို့)
အချစ်သို့ မျက်နှာမူ၍
အပိုင်း(၅)
မိန်းမလှလေး ဘီဘီက ဝေါယာဉ်ပေါ်မှ ဆင်းလာကာ ဦးရီးတော် လီယို ကို ကြည့်ပြီး ပြုံးစစ လုပ်နေလေသည်။

"ရေချိုးခန်း ထဲက ထွက်လာတာလား?
ဦးရီးတော် ဒါဆိုလည်း အဝတ်အစား ဝတ်လိုက်အုံးလေ။ဘီဘီ ဧည့်ခန်းထဲက စောင့်နေမယ်"

"အို ဟုတ်သားပဲ ဒါဆို ခဏစောင့်နော် ဘီဘီ"

အခုမှ ဦးရီးတော် လီယိုက သူ့ကိုယ်သူ အဝတ်အစားမဝတ်ရသေးတာကို သတိထားမိဟန်တူပါသည်။ခပ်သွက်သွက်လေး အခန်းတွင်းသို့ ဝင်သွားလေသည်။

မိန်းမလှလေး ဘီဘီက ဧည့်ခန်းထဲ၌ ထိုင်နေသည်။သူမထိုင်နေစဉ်မှာပင် အဲလက်က အခါးရည်ဗန်းကို သယ်လာကာ
ဧည့်ခန်းထဲသို့ဝင်လာလေသည်။

အဲလက်ကို တခါမှ မမြင်ဖူးသေးဘဲ အခုမှ စပြီး မြင်ဖူးတာဆိုတော့ မိန်းမလီလေး ဘီဘီက တအံ့တဩဖြစ်သွားလေသည်။ပိုပြီး အံ့အားသင့်သွားသည်က ဘာအလှဆင်ယင်မှုမှ မပါဘဲ နဂိုလှလေး ဖြစ်နေသော အဲလက်မျက်နှာကျပုံ သွယ်သွယ်လေး၊နှာတံစင်းစင်းလေး၊နီနီဥဥ နှုတ်ခမ်းပါးလေး၊မျက်ခုံးကောင်းကောင်း ရှည်ရှည်လေး မျက်လုံးအိမ်ကျယ်ကျယ်ရှည်ရှည်လေးမှာလည်း မျက်တော်ရှည်ရှည်လေးတွေ ဝန်းရံကာ တောက်ပစိုလဲ့နေလေသည်။

ခပ်သွယ်သွယ် ခန္ဓာကိုယ် အချိုးအစားလေးနှင့် ဖြူဥနေသော အသားအရေလေးတွေကြောင့် ဘယ်လိုကြည့်ကြည့် လှပလွန်းနေသော အဲလက်ကြောင့် သူမကိုယ်ကိုပင် သူမပြန်ကြည့်ကာ သိမ်ငယ်ချင်သလိုလို ဖြစ်နေရလေသည်။

"မင်းက ဘယ်သူလဲဟင်?
ဦးရီးတော် နန်းဆောင်မှာ မင်းကို မတွေ့ဖူးပါဘူး"

"ကျတော်က........"

"ဪ သူက အဲလက်တဲ့ အထိန်းတော်ကြီးရဲ့ တူလေးလေ။အထိန်းတော်ကြီးဆီကို လာခဲ့တာတဲ့ ၊ဒါပေမယ့် ကောင်လေးက ကံဆိုးပါတယ် သူလည်းရောက်လာရော အထိန်းတော်ကြီးလည်း ဆုံးသွားရော ဆိုပါတော့ ဘီဘီရယ်"

အဝတ်အစားဝတ်ပြီး အခန်းထဲက ထွက်လာသည့် ဦးရီးတော်လီယိုက အဲလက်အစားဝင်ဖြေပေးနေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now