part (31)

961 39 1
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၁)
အေဂျင်စီကို ဖုန်းခေါ်လိုက်သည်။
မပြောလို့ မဖြစ်တော့ ရိုက်လက်စ စီးရီးထဲက ကျတော့် အဝတ်အစားတွေ အကုန်လုံး ဂွမ်းနေသည်။ စတိုင်လစ် ပြောင်းပေးဖို့ ပြောရပေမည်။

"ဟယ်လို"

ဖုန်းလာကိုင်သူက ကျတော့် မန်နေဂျာ ဖြစ်နေသည်။

"ညီလေးလား?"

"ဟုတ်တယ် အကို လီယို"

"ဟိုလူကြီး မရှိဘူးလား?
သူနှာဘူးထပြီး ခန့်ထားတဲ့ စတိုင်လစ်က ကွာ အဆင်မပြေဘူး။အကို သူနဲ့ တွဲပြီး မလုပ်နိုင်တော့ဘူး။ပြောင်းပေးဖို့ ပြောရတော့မယ် ကွ"

ကျတော့်အသံက အနည်းငယ် ဒေါသထွက်သွားရသည်။ရိုက်လက်စ စီးရီး၌ လည်း ကျတော်က အဝတ်အစားတော်တော်ဝတ်ရမည့် ဇာတ်ကောင် ဖြစ်နေသည်ကိုး။

"ဟုတ်တယ် အကို။
အခုပဲ အကို့ဖန်တွေ ပွက်လောရိုက်နေလို့
အကို့အတွက် စတိုင်လစ်အသစ်တယောက်ထပ်ခေါ်ထားတယ်"

"ဟုတ်လား"?

"ဒီနေ့ အင်တာဗျူးလား"?

"အကို ဘယ်လိုလုပ်သိလဲ?"

"မနက်ဖြန် ရိုက်ကူးရေးရှိတာ လူအသစ်ခေါ်မယ်ဆို ဒီနေ့တော့ အင်တာဗျူးရမှာပေါ့၊ဟုတ်တယ် မဟုတ်လား"?

"ဟုတ်ပါတယ် အကို"

"အေး ဘယ်မှာ လုပ်တာလဲ အင်တာဗျူးက"

"အကို ကိုယ်တိုင်လိုက်သွားမလို့လား"?

"လိုက်ကြည့်ရမှာပေါ့ကွ။
ဟိုလူကြီး အရင်တခါလို လုပ်မလုပ် စိတ်ချရတာ မဟုတ်ဘူး"

"ဟုတ်ကဲ့ အကို ဟိုတခါ အင်တာဗျူးလုပ်တဲ့ ခန်းမမှာပါပဲ အကို"

"အေး အကို့ကို အခုလာခေါ်ပေး။
လောလောဆယ် ရိုက်ကူးရေး‌ေတွ
ဆက်‌ေနတာကြောင့် အကို ကားမမောင်းချင်သေးဘူး"

"ဟုတ်ကဲ့ ဆယ့်ငါးမိနစ် အတွင်း ရောက်အောင်လာခဲ့ပါမယ် အကို"

အဝတ်အစားကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကာ ကျတော့်မန်နေဂျာကောင်လေးလာအ‌ေခါ် ကို စောင့်နေလိုက်မိလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now