part (02)

3.2K 141 9
                                    

အချစ်သို့ မျက်နှာမူခြင်း(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂)
နန်းဆောင်ထဲသို့ ရောက်သည်နှင့် တပြိုင်နက် ဦးရီးတော်လီယိုသည် သူ၏ ဝတ်ရုံကို ချွတ်ချလိုက်လေသည်။

"မင်းသား အဲ အဲ ဦးရီးတော် ပြန်အလာကို ဒီအထိန်းတော်ကြီးမှာ စောင့်နေရတာ
ရင်တမမနဲ့ပါ ပဲ။
ဘာမှ မဖြစ်ဘဲ ပြန်‌ေရာက်လာပေးလို့
တော်ပါသေးတယ် ဦးရီးတော်ရယ်"

ချွတ်ချထားသည့် ဝတ်ရုံကို သိမ်းရင်း ရိုးရိုး အဖြူရောင် ဝတ်ရုံတထည်ကို အထိန်းတော်ကြီးက ဦးရီးတော်အား ပေးလိုက်လေသည်။

ဦးရီးတော် လီယိုက အထိန်းတော်ကြီး လှမ်းပေးသည့် ဝတ်ရုံကို ယူကာ ဝတ်ဆင်လိုက်သည်။

"အပြစ်လုပ်ပြီးမှတော့ အပြစ်ဒဏ်ခံရမှာ ကြောက်နေလို့ မဖြစ်ပါဘူး အထိန်းတော်ကြီးရယ်။ဒါ့ထက် သူ့ကို ဘုရင်ဆီမှာ ခစားနေတဲ့  အပျိုတော် မှန်းလည်း ကျွန်ုပ်က တကယ်မသိတာပါ အထိန်းတော်ကြီးရဲ့
ပြီးတော့........"

"ဘယ်အချိန်မှ မင်းသားက အဲလေ ဦးရီးတော်က ဘုရင့်အပျိုတော်မှန်း သိတာလဲ"?

သလွန်ညောင်စောင်းပေါ်၌ အဝတ်အစား ဝတ်နေရင်းက ဦးရီးတော်လီယို စဉ်းစားနေသည်။

"မနက်မိုးလင်းတော့ သူက ကျွန်ုပ် ဘေးမှာ ရောက်နေတာနဲ့
ဘယ်အဆောင်က အပျိုတော်လဲလို့
မေးလိုက်တာ
ပြီးတော့ သူ့ကိုလည်း ညက ဘာမှ မလုပ်ပါဘူး။ပုံပြင်ပြောပြခိုင်းရုံလေးပါ"

အထိန်းတော်ကြီးက အခန်းတွင်းကနေ အပြင်ကို ထွက်လု ထွက်ဆဲကပင် လှည့်ကြည့်ပြီး

"ဒါကို ကျတော်မျိုး သိပါတယ် ဦးရီးတော်။ဒါပေမယ့် ဘယ်သူက ယုံပါ့မလဲခင်ဗျာ"

"ဟူး........
ညဘက် ညဘက် အိပ်မပျော်တဲ့ ရောဂါက ပိုဆိုးလာနေတယ် အထိန်းတော်ကြီးရယ်........ကျွန်ပ်လည်း တညလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်မိတယ်"

"ဆေးကျမ်းတွေထဲမှာ ကျတော်မျိုး ရှာကြည့်ပေးပါ့မယ် ဦးရီးတော်။
ဦးရီးတော်လည်း ကျတော်မျိုး ပြောတဲ့ စကားကို နားထောင်ကြည့်ဖို့တော့ လိုပြီ ထင်ပါရဲ့"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now