part (30)

1K 36 0
                                    

အချစ်သို့မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း
အပိုင်း(၃၀)
ကျတော် လူမှန်းသိတတ်ကာစ ကတည်းက သိခဲ့တာ တခုရှိသည်။ကျတော်သည် အတိတ်ဘဝကို မှတ်မိနေခဲ့တဲ့ လူတယောက် အဖြစ် မွေးဖွားလာခဲ့တယ် ဆိုတာပါပဲ။

ကျတော် လူမှန်းသိတတ်စ ကတည်းက မိဘတွေက ကွာရှင်းခဲ့ကြပြီး သူတို့၏နောက်အိမ်ထောင်တွေနှင့် နောက်သား၊သမီးတွေနှင့်အတူတကွ နေထိုင်ကြသည်။ကျတော်ကတော့ မိဘမဲ့ဂေဟာမှာပဲ ဆက်လက် ပြီး ကြီးပြင်းလာခဲ့ရသည်။

သို့ပေသိ
ထိုအရာတွေရဲ့ အပေါ်မှာ ကျတော် စိတ်ဒဏ်ရာ မရခဲ့ပေ။ကျတော့်ကို မွေးမွေးချင်း မိဘတွေက မောင်ပြည့်စုံ လို့ အမည်မှည့်ခေါ်ခဲ့ပေမယ့် အခုလို လူကြီးဖြစ်လာပြီး ကိုယ့်ဘဝကို ကိုယ်ပိုင်လာသည့် အခါ ကျတော့်နာမည်ကို လီယို လို့သာ ပြန်ပြောင်းထားခဲ့လေသည်။

မိဘမဲ့ဂေဟာမှာ ထားခဲ့ပေမယ့် မျက်နှာ မငယ်ရအောင် ဂေဟာ၌ အလှူငွေထည့်ဝင်‌ေပးခြင်း ၊ကျတော်လိုအပ်တာ သုံးစွဲရန်အတွက် မုန့်ဖိုးများ မကြာခဏ ပေးခြင်း တို့ကို ပြုလုပ်ပြီး မိဘတွေက သူတို့၏ ဂရုစိုက်ခြင်းကို သူတို့တတ်နိုင်သည့် နည်းလမ်းနှင့် ပြသပေးခဲ့ကြတာမို့လည်း ကျတော့်အတွက်တော့ အနည်းငယ် နေပျော်သည့် ဘဝတခု ဖြစ်လာခဲ့ရလေသည်။

မိဘမဲ့ဂေဟာကနေ ကျောင်းပြီးလာသည်ဘ အခါ ပြင်ပသို့ထွက်ပြီး အလုပ်လုပ်ရသည်။မိဘမဲ့ဂေဟာ၌ ပန်းပုထုခြင်း အတတ်ကိုလည်း သေချာ သင်ယူလာခဲ့ရသည်မို့ ကျွမ်းကျင်သည်။

တခြားသူတွေ အတွက် အကြိမ်အရေအတွက် များစွာ ပန်းပုထုပေးခဲ့ဖူးပေမယ့် ကျတော့်အတွက် ထုလုပ်ဖြစ်တာ ဆိုလို့ အဲလက်ဆိုသည့် လူတယောက်၏ ပုံတူပန်းပုရုပ်ကလေးပင်ဖြစ်လေသည်။

ချစ်ရသူကို မကာကွယ်‌ေပးနိုင်ခဲ့သည့် စိတ်က ဘယ်လောက်တောင် နာကျင်ခဲ့ရတယ်ဆိုတာ သိရဲ့လားဗျာ။
တွေးမိတိုင်း ရင်ထဲနင့်နေအောင်နာကျင်ခံစားရသည်။
သတိရမိတိုင်း ရင်ဘတ်တွေ ကွဲထွက်လာအောင် ခံစားရသည်။
သတိရလိုက်တာ အဲလက်ရယ်။
မင်း‌ေလး ဘယ်ဆီမှာများ ရောက်နေပါလိမ့်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now