part (19)

1.1K 52 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၉)
နန်းဆောင်တော်အတွင်းသို့ နှစ်ဦးသား ရောက်သွားချိန်၌ မင်းကြီးက ထိုင်နေလေသည်။

"ကျတော်မျိုး အဲလက် မင်းကြီးကို အရိုအသေပေးပါတယ်"

လို့ အဲလက်က အရိုအသေပေးလိုက်လေသည်။
ဦးရီးတော် လီယို ကမူ တူတော်မောင် မင်းကြီးကို ကြည့်ကာ ငြိမ်နေလေသည်။လူကသာ မင်းကြီးကို ကြည့်နေပေမယ့် မျက်လုံးက မင်းကြီးကို မြင်သည် မဟုတ်ချေ။

သူ့စိတ်ထဲ၌ အဲလက်က ဘာကြောင့်များ သူ့ကို မမှတ်မိတာလဲ? ဆိုတာကိုသာ မေးခွန်းထုတ်နေချေသည်။

"ဦးရီးတော်တို့ ထိမ်းမြား မင်္ဂလာပွဲ အတွက် ရက်လာရွေးတာပဲ ဦးရီးတော်"

ဦးရီးတော် လီယို၏ စိတ်ထဲ၌ အဲလက်က သူ့ကို မမှတ်မိသေးဘဲနှင့် ထိမ်းမြားလိုက်ရမည်ကို စနိုးစနောင့် ဖြစ်နေလေသည်။

ထို့အတွက်ကြောင့်ပင် မင်းကြီး၏ အမေးအမြန်း စကားကို ချက်ချင်း ပြန်မဖြေနိုင်သေးဘဲ အဲလက်ကိုသာ ငေူကြည့်နေလေသည်။

"ဦးရီးတော်တို့ နှစ်ယောက် ရန်ဖြစ်ထားတာလား?
အဟမ်း ဖြစ်မယ်ဆိုလည်း ဖြစ်သင့်ပါတယ် ။ကိုယ့်ကြင်ရာတော်ကို ပစ်ထားပြီး ဆောင်ကြာမြိုင်က မိန်းမပေါ့ ကို သွားဂရုစိုက်နေတယ် ဆို"

တူတော် မင်းကြီး၏ စကားကြောင့် ဦးရီးတော် လီယို လည်း ပျာပျာသလဲပင်

"ကောလဟာလတွေပါ မင်းကြီး ကျွန်ုပ် နဲ့ ဘီဘီတို့က မောင်နှမ ဆက်ဆံရေးတွေပါ။
ကျွန်ုပ် တကယ် ချစ်ခင်မြတ်နိုး ရတဲ့ သူက ကျွန်ုပ်ရဲ့ ကြင်ယာတော်လောင်း ဖြစ်တဲ့ ဟောဒီက အဲလက်ပါပဲ"

မင်းကြီးက ခေါင်းတညိမ့်ညိမ့် လုပ်ကာ ပြုံးတုံ့တုံ့နှင့်ပင် အဲလက်ကို လှမခးကြည့်လိုက်ပြီး

"ကဲ ကျွန်ုပ်ရဲ့ ဦးရီးတော်ကတော့ သူ့အချစ်တွေကို တရားဝင်ကြော်ငြာနေပြီ ကြယ်နတ်သားလေးရဲ့
သင့်ရဲ့ သဘောထား ကရော
အရင်လိုပဲ မပြောင်းမလဲ ရှိနေတုန်းပဲလား"?

"ကျတော်မျိုး လေ
ကျတော်မျိုး ဟောဒီက ဦးရီးတော်က ကျတော်မျိုးနဲ့ စေ့စပ်ထားပြီးသား ဆိုတာကို သိပါတယ်။
ဒါပေမယ့် ကျတော်မျိုး သူ့ကို မမှတ်...."

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now