part (26)

1K 43 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့ မဟုတ်)
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၆)
"အလှပြင်ဆင် ရန်အတွက် အိပ်ရာမှ ထတော်မူပါ ကြင်ယာတော်"
နန်းတွင်း အလှပြင်ဌာနမှ အပျိုတော်တို့က နှိုးနေတာကြောင့် မနက်စောစော အခါသမယ၌ အဲလက်တယောက် အိပ်ရာမှ နိုးလာလေသည်။

ဒီနေ့သည် ဦးရီးတော်၏ မွေးနေ့ဖြစ်သလို ဦးရီးတော်နှင့် အဲလက်တို့၏ ထိမ်းမြား မင်္ဂလာပွဲ ကျင်းပမည့် နေ့လည်း ဖြစ်ပါသည်။

အဲလက် ရေချိုးကန်ထဲ၌ ရေချိုးနေလေသည်။အလှမပြင်ဆင်ခင် ရေချိုးတာ ဖြစ်သည်။အိပ်ရာက နိုးလာကတည်းက ဦးရီးတော်ကို ရှာနေပေမယ့် ခုထိ မတွေ့သေးပေ။

ရေချိုးပြီး အတွင်းခံ ဝတ်ရုံကို လုံလုံခြုံခြုံဝတ်ကာ အလှပြင်ဌာနမှ အပျိုတော်တို့ကြား၌ ဝင်ထိုင်ပေးလိုက်သည်။
အပျိုတော် ချောချောလှလှလေးတွေက အဲလက်၏ အသားအရေလေးကို ထိတွေ့ကိုင်တွယ် လိုက်ပြီး
ချီးကျူးကြလေသည်။

"လှလိုက်တာ ဖြူနုနေတာပဲ
တကယ်ဆို ဘာမှတောင် လိမ်းစရာမလိုဘူး။"

လိမ်းစရာ မလိုဘူး ဆိုပေမယ့် ရိုးရာအတိုင်းပဲ ဖြူဖွေးနေသည့် မျက်နှာချေတွေကို မျက်နှာ‌ေပါ်သို့ လိမ်းပေးကြသည်။
ပါးနီးတွေ ၊နှုတ်ခမ်းနီတွေကိုလည်း ဆိုးပေးကြသည်။မျက်ခွံတွေ၊မျက်တောင်တု တွေကိုလည်း တပ်ပေးကြသည်။

မျက်နှာကို ခြယ်ပြီးသည့် နောက် အဲလက်ကို မှန်ပေးပြသည်။
မှန်ထဲ၌ အဲလက်သည် တော်တော်ကြီးကို လှနေတာကြောင့် ကျေနပ်သွားလေသည်။

"မျက်နှာကို ပြင်ပြီးသွားပြီဆိုတော့
အခု ဆံပင်ကို ပြင်ပါမယ် ကြင်ယာတော်
ကြင်ယာတော်ရဲ့ ဝတ်စုံ အရောင်နဲ့ လိုက်ဖက်မယ့် ကျောက်ခက်ကလေးတွေ ပန်မလား?
ဒါမှမဟုတ် ပုလဲခက်နှင့် ရွှေပန်းခက်လေးတွေကို ပန်မလား ရွေးပေးပါ"

"ကျောက်ပန်းခက်လေးတွေ ပန်မယ်"

အဲလက်၏ အဖြေစကားကြောင့် သူတို့ အချင်းချင်း ပြောနေကြလေသည်။

"ကြင်ယာတော်က ကျောက်ပန်းခက်လေးတွေ ပန်မယ်တဲ့ "

"ဒါဖြင့် ဦးရီးတော်ကိုလည်း ကျောက်ပန်းခက်လေး‌ေတွပဲ ပန်ပေးရမှာပေါ့"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Onde histórias criam vida. Descubra agora