part (25)

1K 47 3
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၅)
နတ်နန်းခေါင်းဆောင် တွန် သည် ရေတံခွန် ရှိရာဘက်သို့ ခြေလှမ်း ခပ်မှန်မှန်ဖြင့် လျှောက်လာခဲ့လေသည်။
ရေတံခွန်မှ ရေတွေ စီးဆင်းနေတာကို ငေးကြည့် နေလေသည်။

ထိုအချိန်၌ပင် နောက်ဘက်၌ ခြေသံကြားရသည်။နတ်နန်းခေါင်းဆောင် တွန် က လှည့် ကြည့်သည်။

"ဪ ရောက်လာပြီလား ညီလေး အဲလက်"

"ဟုတ်တယ် အကို၊ မနက်ဖြန်ကျရင် ကျတော် ဦးရီးတော်ကို အမှန်အတိုင်း ဝန်ခံသင့်လားဟင်"?

နတ်နန်းခေါင်းဆောင် တွန် က အဲလက်ကို ကြည့်နေရာမှ ရေတံခွန်ဘက်သို့ ပြန်ကြည့်သည်။

"အမှန်မတိုင်းပြောလိုက်ရင် ဦးရီးတော်ကတော့ စိတ်မကောင်း ဖြစ်မယ် ဒါမှမဟုတ် စိတ်ဆိုးမယ် ။ဒီလို ဖြစ်မှာပဲ"

နတ်နန်းခေါင်းဆောင် ကြည့်နေရာ ရေတံခွန်ဆီသို့ အဲလက်ကလည်း လိုက်ပြီး ကြည့်နေလေသည်။

ပြီးတော့ နတ်နန်းခေါင်းဆောင် တွန့်ကို ပြောလိုက်သည်။

"အဲ့ဒီလို ဖြစ်မယ်ဆိုရင်တောင် ကျတော် အမှန်အတိုင်း ပြောသင့်တယ် ထင်တယ်"

"အခမ်းအနား ကျင်းပနေတုန်းတော့ သွားပြီး မပြောလိုက်နဲ့နော် အဲလက်။
ပြီးတော့
နောက်ဆက်တွဲ ပြဿနာတွေကို ခံနိုင်ရည် ရှိမှ ဖွင့်ပြော"

နတ်နန်းခေါင်းဆောင်တွန်၏ စကားကြောင့် အဲလက်က ခေါင်းကို ငုံ့ထားလိုက်လေသည်။

"ကျတော်က အခုကို ဦးရီးတော်ကို ဖွင့်ပြောလိုက်ချင်တာ"

လို့ အသံတိုးတိုးလေးနှင့် ပြော လိုက်လေသည်။

"အင်း........ညီလေး အဲလက်လည်း ဦးရီးတော်ကို တော်တော် ချစ်နေတာပဲ"

"ဦးရီးတော်ကလည်း ကျတော့်ကို ချစ်နေပြီ"

"ဟုတ်ပါပြီ ကံကောင်းပါစေ ညီလေး အဲလက်ရေ"

"ဒါနဲ့ နတ်နန်းထဲက ပန်းချီပစ္စည်းတွေက ဘယ်ကို ရောက်သွားတာလဲဟင် အကို"

"ပန်းချီ ပစ်စည်းတွေလား?
စွန့်ပစ်လိုက်ပြီလေ။
ဘာလို့လဲ ညီလေးအဲလက်နှင့် ဦးရီးတော်တို့ ရောက်လာသေးလား"?

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now