part (08)

1.6K 68 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော် မူခန်း(BL)
အပိုင်း(၈)
ဒီနေ့တော့ လက်ထောက်နန်းထိန်း သည် ခေါင်းဆောင်နန်းထိန်း ၏ စေခိုင်းချက်အရ ဈေးဘက်သို့ ထွက်လာခဲ့လေသည်။
ဈေးဘက်သို့ ရောက်လျှင် နတ်နန်း ထဲက လိုအပ်သမျှကို ဝယ်လာပြီး တနေရာ အရောက်တွင်

"အဲ့ဒီတော့ အခုထိ အဲ့ဒီ ဦးရီးတော်က ဒူးထောက်နေတုန်းပဲပေါ့ ဟုတ်လား?"

"ဟုတ်တယ် အခုထိလည်း ရေလည်း မသောက် အစားလည်း မစားဘဲနှင့် မင်းကြီးရဲ့ နန်းဆောင်ရှေ့မှာ ဒူးထောက် တောင်းပန်နေတုန်းပဲတဲ့"

"ငါ ဦးရီးတော်ကို တခါမြင်ဖူးတယ်။အဲ့ဒီ ဦးရီးတော်က တော်တော်ချောတယ်ဟယ် ။လူဆိုး လို့ကို မထင်ရပါဘူး ဟယ်"

"အင်း အခုလည်း သူက လူကယ်ဖို့ လုပ်နေတာ ဆိုတော့ ဆိုးတယ်လို့ ပြောလို့မရပြန်ဘူးနော်ဟေ့"

ရှေ့က မိန်းကလေး တသိုက်ပြောနေကြသည်ကို လိုက်ပြီး နားထောင်နေမိတာ မိန်းကလေးတွေ ဈေးအပြင်ဘက်သို့ ထွက်သွားမှ ရပ်ကျန်ရစ်ခဲ့ရသည်။

ဈေးထဲကို ပြန်ဝင်သွားပြီး ဈေးဝယ်နေတုန်းမှာလည်း ဟိုဟို၊ဒီဒီ သတင်းတွေက တစွန်းတစ ကြားခဲ့ရပြန်လေသည်။

အင်း ဒီလိုဆိုတော့လည်း ဒီဦးရီးတော်ဆိုတဲ့ လူက မဆိုးပါဘူး။အဲလက်ကို ကယ်တင်ရန်အတွက် သူ့ကိုယ်စွမ်း၊ဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ထုတ်သုံးနေတာပါ့လား လို့ တွေးကာ နတ်နန်းဆီသို့ ပြန်လာခဲ့လေသည်။
................
အိပ်ရာက နိုးလာကတည်းက လက်ထောက်နတ်နန်းထိန်း အကိုကို အဲလက် မမြင်ရသေးချေ။
နတ်နန်းထိန်း ခေါင်းဆောင် ဦးလေးကြီးကတော့ မနက်ကတည်းက အချုပ်ခန်းရှေ့မှာ ရပ်နေပြီး အဲလက်ကို လာကြည့်နေလေသည်။

သူ့ကြည့်ပုံကြီးက ကျောချမ်းစရာ အငွေ့အသက်တွေ ပါလာနေတာမို့ အဲလက် ကြောက်နေမိသည်။

တမနက်ခင်းလုံး ခြေဆုံး၊ခေါင်းဆုံး ကြည့်ကာ စူးစမ်းသလို ၊လေ့လာသလို လုပ်နေလေသည် မှာ ပိုပြီး မုန်းတီးရွံရှာစရာ ဖြစ်နေလေသည်။

ခဏ အကြာ၌ အပြင်နတ်နန်းဆောင်ဆီမှ လက်ထောက် နတ်နန်းထိန်း အကို၏ အသံကိုကြားရလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now