Part<1>

1.7K 50 0
                                    

Unicode+Zawgyi

| Warning - Mention of some swear words |

SeungMin's Pov :

"ဟေ့ရောင် .. မင်းဒီတိုင်းဘဲကြည့်နေတော့မှာလား"

"...."

"မင်းကြည့်ချင်လည်းသဘော၊ ငါကတော့ သည်းမခံနိုင်ဘူး၊ အဲ့ကောင်ကိုသွားရှင်းရမှ ကျေနပ်မှာ !"

"မလုပ်ပါနဲ့ Jeongin ! .. ငါ ငါ တောင်းပန်ပါတယ်"

Jeongin ရဲ့လက်ကို ကျွန်တော်အတင်းဆွဲထားမိတယ်။လွှတ်သာလွှတ်ပေးလိုက်မိရင် သူနာကျင်ရတော့မှာကိုသေချာပေါက်သိနေလို့။

"‌အဲ့ကောင်လုပ်ရက်ကို ကြည့်စမ်း ! .. မင်းရှိနေတာတောင် ဟိုကောင်မနဲ့ဖက်ယက်ပြီး ဖြတ်လျှောက်သွားတာလေ၊ အဲ့တာကို မင်းကစောက်ရူးလို‌ထိုင်နေရလား SeungMin"

"ဒါက .. အသေးအမွှားပါ"

ကျွန်တော်ခပ်အေးအေးဘဲ ပြန်ဖြေလိုက်မိတယ်။
အဲ့တာက အင်ရဲ့ ဒေါသကို ပိုပြီးကြီးထွားစေမယ်လို့
မထင်ခဲ့မိဘူး။

"အသေးအမွှားဟုတ်လား ! မင်းကသူ့ရဲ့လက်ရှိရည်းစား‌မဟုတ်ဘူးလား .. မင်းအဲ့လိုလုပ်နေလို့ကို
ဟိုကောင်ကရောင့်တက်‌နေတာ"

Jeongin တော်တော်ကို ဒေါသထွက်နေမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရွေးချယ်မှုက သူဖြစ်ခဲ့တာလေ။သူဘာဘဲဖြစ်နေဖြစ်နေ ကျွန်တော်သည်းခံ
မိမှာဘဲ။ ဒါကြောင့် Jeongin ကို ဒီ့ထက်ပိုပြီး ‌ဒေါသမဖြစ်စေချင်ရုံပါ။

"ကျောင်းဆင်းရင် Hyung ငါ့ကိုအိမ်ပြန်လိုက်ပို့မယ်ပြောထားတယ်"

"မင်းကန်းနေလို့လား !! ဟိုဟာမနဲ့ပါသွားတာကို မမြင်ဘူးလား ! .. အဲ့ဒီ့စောက်ရေးမပါတဲ့ကောင်ကရော မင်းဆီလာဦးမယ်ထင်နေတာလား"

ကျွန်တော်ထိန်းချုပ်ခဲ့ပေမယ့် မျက်ရည်တို့က သူ့အလိုလိုစိုစွတ်လာတယ်။ ပြောသင့်မပြောသင့်ကို စဉ်းစားနေခဲ့ပေမယ့် ကျွန်တော့်ကြောင့်နဲ့ အင်ကိုထပ်ပြီး သူ့အပေါ်အမုန်းမပွားစေချင်တော့ဘူး။

"ငါ့ကိုဒီတိုင်းဘဲလွှတ်ထားပေးလို့ရမလား"

"SeungMin !"

"ငါတောင်းပန်ပါတယ် အင် .. "

"ငါလေ ငါ Hyung ကို တကယ်ဘဲမစွန့်လွှတ်နိုင်လို့ပါ .. သူဘာတွေဘဲလုပ်နေလုပ်နေ .. ဘယ်လိုပုံစံဖြစ်နေပါစေဦး .. နဂိုထဲက လက်ခံပေးဖို့ဆုံးဖြတ်ပြီးသားမို့ ငါအဆင်ပြေပါတယ် .."

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now