Part<6> - Unicode

455 40 2
                                    

Author's pov :

'ကျူးလစ်ပန်းတွေဆီကို ခေါ်သွားပေးပါလို့'တစ်စုံတစ်ဦးကများပြောလာခဲ့ရင် Netherlands (နယ်သာလန်) ဆိုတဲ့ နိုင်ငံလေးဆီကို အပြေးသွားရပါလိမ့်မည်။

Holland (ဟော်လန်)လို့လည်း ခေါ်တတ်ကြပြီး ဥရောပအနောက်မြောက်ဘက်မှာတည်ရှိနေတဲ့ Netherlands နိုင်ငံလို့ပြောရင် တူးမြောင်းတွေရယ်၊ လေရဟတ်တွေရယ်၊သစ်သားခုံဖိနပ်တွေရယ်၊ ဒိန်ခဲတွေနဲ့ ကျူးလစ်ပန်းတွေအကြောင်းကို ပြောလာကြတော့မည်။

Netherlands မှာ ပန်းတွေဖြစ်ထွန်းမှုများပြီး ကမ္ဘာ့ပန်းတင်ပို့မှု အများဆုံးနိုင်ငံဖြစ်တာကြောင့်'ကမ္ဘာ့ပန်းဆိုင်ကြီး'လို့တောင် တင်စားကြသေးသည်။

နိုင်ငံရှိလူမျိုးများကို 'Dutch- ဒတ်(ချ်)လူမျိုးများ'ဟုခေါ်ဆိုကြပြီး ဒတ်(ချ်)လူမျိုးများသည် ပျော်ပျော်နေတတ်ကြသူများလည်းဖြစ်သည်။

နိုင်ငံအတွင်းသွားလာမှုတွင် စက်ဘီးကိုသာ အသုံးပြုမှုများပုံမှာ အားကျဖွယ်ရာပင်။ လူတိုင်းနီးပါး စက်ဘီးလေးတွေကိုယ်စီနှင့်သာ သွားလာလှုပ်ရှားတတ်ကြပြီး 'စက်ဘီးနိုင်ငံ'ဟုတောင် ခေါ်ဆိုလို့ရသည်။

Netherlands နိုင်ငံဟာ တင်းကျပ်သော လူမှုရေးဆိုင်ရာ ရှည်လျားသည့် သမိုင်းကြောင်းများရှိခဲ့သော်လည်း ယနေ့ခေတ်အချိန်တွင်တော့ လွတ်လပ်သော liberal နိုင်ငံတစ်ခုအဖြစ်တောင် ဆိုလို့ရနေပြီဖြစ်သည်။

လိင်တူထိမ်းမြားခြင်းကိုလည်း တရားဝင်ခွင့်ပြုပေးခဲ့ပြီး Netherlands ဟာ လိင်တူလက်ထပ်ခြင်းကို လက်ခံပေးခဲ့သည့် ပထမဆုံးသောနိုင်ငံလည်းဖြစ်သည်။

Amsterdam မြို့မှာ နိုင်ငံ၏မြို့တော်ဖြစ်ပြီး Netherlands ရှိမြို့များအနက် အကြီးဆုံးမြို့လည်းဖြစ်သည်။

Amsterdam လို့ပြောတာနဲ့ သမိုင်းဝင်ရေနုတ်မြောင်းတွေ၊ ပြတိုက်တွေနဲ့ ပန်းဈေးကြီးကို ပြေးမြင်မိမှာပါ။

မြို့ရဲ့ထင်ရှားမှုတစ်ရပ်မှာ အီတလီနိုင်ငံရှိ Venice မြို့ကဲ့သို့ ကူးသန်းသွားလာရေးအတွက် အထောက်အကူပြုသော တူးမြောင်းများစွာ ကွေ့ကောက်ယှက်ဖြာလျှက်
ရှိခြင်းကြောင့်ပင်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now