Unicode + Zawgyi
“ကျွန်တော်တို့သွားရအောင်”
လက်ကိုဆွဲယူပြီး Seung ရဲ့ခြေလှမ်းတွေက နဂိုကထက်မြန်နေတယ်။ ကျွန်တော်လည်း ဘာမှထပ်ပြီးမပြောချင်တော့။ သူသွားမယ့်နောက်သာ လိုက်,လိုက်တယ်။
တော်တော်လေးလျှောက်လာလိုက်ပြီး ဘုရားကျောင်းတစ်ခုရှေ့မှာ ရုတ်တရက်ရပ်သွားတယ်။ ကျွန်တော့်မှာ ဘုရားကျောင်းကိုလည်း တစ်ချက်ကြည့်မိ၊ Seung ကိုလည်းပြန်ကြည့်မိ။ ဘာကြောင့်ဒီထိခေါ်လာလဲမသိဘူး။ ကျွန်တော်တို့စကားပြောဖို့တော့ လိုအပ်တယ်ဆိုတဲ့အဓိပွာယ်နဲ့ Seung မျက်ဝန်းတွေက သိသာအောင်ဖော်ပြနေတယ်။
ဟုတ်ပါတယ်။ အခုထိသူ့အပေါ် အမှားတွေဆက်တိုက် ဖြစ်နေခဲ့တာလည်း ကျွန်တော်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ပြီး ပြန်တည်ဆောက်ဖို့ကြိုးစားနေချိန်မှာ ကျွန်တော်ကပဲ သူ့အပေါ်ပိုပြီးကောင်းပေးရမှာကို ဒီလိုမျိုးတွေထပ်ဖြစ်လာသေးတယ်။ Seung ရဲ့ခွင့်လွှတ်ပေးမှုနဲ့တင် တရားလွန်နေပြီမလား။ သက်ပြင်းထူထူချမိတယ်။ ကျွန်တော့်အပြစ်အတွက် ဝန်ခံဖို့အသင့်ပဲ။
“ကိုယ်မှား ..!”
“တောင်းပန်ပါတယ် ကိုကို”
နည်းနည်းတော့ ပြောစရာစကားမဲ့သွားတယ်။ မှားတာကကျွန်တော်လေ။ Seungie က ဘာလို့လာတောင်းပန်နေတာလဲ။
“ကိုယ်ကမကောင်းတဲ့သူလေ”
“ကိုကိုကမကောင်းဘူးလို့ ကျွန်တော်ပြောမိလား”
တွေဝေမှုလည်းနည်းနည်းကပ်ပြီး ခေါင်းအသာခါမိတယ်။
“ဟင့်အင်း”
သေချာပြန်တွေးကြည့်မှ Seung က ကျွန်တော်နဲ့ပတ်သက်ပြီး မကောင်းဘူးဆိုတာမျိုးကို ဘယ်တော့မှမပြောခဲ့ဖူးဘူး။
“ကျွန်တော်ပြောတာနားထောင်နော်”
“အင်း”
“ကိုကိုကလွဲလို့ တခြားအရာတွေအပေါ် ကျွန်တော်ကစိတ်ဝင်စားမိရင် သံသယမဝင်ပါနဲ့ .. သမာရိုးကျသဘောကျမိရုံထက် မပိုပါဘူး”
“ကိုယ်အဲ့အတွက်တောင်းပန်ပါတယ် .. Seung ကိုလည်း အခက်တွေ့အောင် မလုပ်ချင်ခဲ့ဘူး”
YOU ARE READING
Dearest Blue (ChanSeung-mm fanfic)
Fanfiction'It hurts .. but I love it' • ChanSeung Myanmar Fanfiction • Short Story