Unicode+Zawgyi
Chris's Pov :
စောင့်ဆိုင်းခြင်းမရှိ တရွေ့ရွေ့ပြောင်းလဲလာတဲ့အချိန်တွေ၊ နေရာတွေထဲ ပြောင်းလဲမှုမရှိတဲ့အရာတွေက စိတ်ထွက်ပေါက်အဖြစ်မှီခိုခဲ့တဲ့ စီးကရက်တွေသာဖြစ်မယ်။ မူးရစ်စေတဲ့ အရက်တချို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော် Seung ကို ချစ်တယ်ဆိုတဲ့ ပိုပြီးသေချာလာခြင်းတွေကလည်း အတိုင်းအဆမဲ့စွာ ပါဝင်တယ်။
'နှစ်တွေချီပြီး အဆွေးသမားလုပ်နေတာလား' လို့ မေးရအောင်လည်း ကျွန်တော့်မှာ ထိုက်သင့်တဲ့အဖြေမရှိ။
ဒီလိုကောင်ကို လွမ်းခိုင်း၊ ဆွေးခိုင်း၊ နာကျင်ခိုင်းမှုက
ကျွန်တော့်ကလေးငယ်ရဲ့ ခြေဖျားတောင်မှ,မမှီသေးဘူး။သုံးနှစ်ကျော်ဆိုတဲ့အခိုက်အတန့်မှာ သွေးပျက်အောင်နောင်တတွေရခဲ့လည်း၊ လူးလိမ့်အောင်နာကျင်ခဲ့ရလည်း ထိုက်တန်တယ်လို့ဆိုနိုင်ပါ့မလား ?
ဘယ်အရာမဆို တန်ဖိုးမဲ့မဲ့သဘောထားခဲ့တဲ့ကောင် နာကျင်ရတဲ့အခါ ကိုယ့်နတ်ဆိုးရဲ့ လှောင်ရယ်သံကိုတောင် ကိုယ့်မှာပြန်ကြားနေရ။
"စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတစ်ခုကို အပြက်ပြက်နဲ့သွေးထွက်အောင်လုပ်ခဲ့တဲ့ကောင် .. ကြုံလာသမျှကို
ခါးစည်းခံလိုက်စမ်းပါ""ကျွန်တော် တကယ်ကိုမှားခဲ့တယ် .. နီးစပ်လွန်းတဲ့အရာတွေက တစ်ခါတလေမှာ အရမ်းဝေးကွာသွားတတ်တာကို မေ့နေခဲ့တာပဲ"
မြတ်နိုးစရာကောင်းတဲ့ ပန်းလေးတစ်ပွင့်ကို ဘေးမှာထားပြီး နေနိုင်လွန်းခဲ့တယ်။ တမြတ်တနိုးနဲ့ ပျိုးထောင်ရကောင်းမှန်းမသိ၊ ကိုယ့်လိုအင်တွေကိုသာ ရှေ့တန်းတင်ရင်း ရယူလိုခြင်းတွေမှာ စီးမျောခဲ့တယ်။
"ကျွန်တော်နဲ့ယှဉ်ရင် သူကပိုပြီး အားနည်းပုံပေါ်ပါတယ် .. ဒါပေမဲ့ ဘယ်လိုအရာမျိုးဖြစ်ဖြစ် ကျွန်တော့်ရှေ့ကရပ်တည်ပြီး အမြဲကာကွယ်ဖို့ပဲ တွေးနေခဲ့တဲ့သူ"
သူ့အပေါ်ဘယ်လောက်ထိ ရက်စက်ခဲ့ပါစေ၊တစ်ကိုယ်ကောင်းဆန်ရာကျခဲ့ပါစေ။ Seung က
ကျွန်တော့်အပေါ်မှာ တစ်စက်ကလေးမှကို
ငြိုငြင်ခြင်းမပြခဲ့ဘူး။
YOU ARE READING
Dearest Blue (ChanSeung-mm fanfic)
Fanfiction'It hurts .. but I love it' • ChanSeung Myanmar Fanfiction • Short Story