Part<8>

473 36 4
                                    

Unicode+Zawgyi

SeungMin's Pov :

ဒီနေ့တစ်နေ့ကုန် ကျွန်တော်တကယ်ကိုမှ အဆင်မပြေဘူး။
စီးနေကျပန်းစည်းတွေ မှားစည်းမိတယ်။ လုပ်နေကျအလုပ်‌တွေကိုလည်း ကယောင်ကတမ်းနဲ့လုပ်မိတယ်။ ဝယ်သူတွေအပေါ်လည်း အားနာစရာတွေဖြစ်ခဲ့ရပြီး ပြဿနာတချို့လည်းရှိခဲ့တယ်။ ဒါဟာ ကျွန်တော့်စိတ်ပျံ့လွင့်နေခြင်းရဲ့ အကျိုးဆက်ရလဒ်‌တွေဘဲ။

မနေ့က,ကိုကို ကျွန်တော်‌ဆီရောက်လာပြီးတဲ့နောက် တစ်ညလုံးနီးပါး ငိုချခဲ့မိတယ်။

ကိုကို့,ကို သိပ်ပြီးလွမ်းနေခဲ့မိတာတွေ၊ သေလောက်အောင်တွေ့ချင်ခဲ့တာတွေ၊ ခဏလောက်ဖြစ်ဖြစ် ဖက်ထားချင်ခဲ့တာတွေကို ကျွန်တော်မညာချင်မိပါဘူး။

ကုန်လွန်ခဲ့တဲ့နှစ်တွေကြား ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရပြီး ဘဝကဒီလိုဘဲ အဆုံးသတ်သွားမလားလို့ မျှော်လင့်ချက်မဲ့မဲ့တွေးမိရင်းက ကျွန်တော့်စိတ်တွေဟာလည်း ကယောင်‌ချောက်ချားတွေပဲဆက်တိုက်ဖြစ်ခဲ့ပြီး ရှင်သန်နေရတဲ့နေ့ရက်တွေကလည်း အဓိပ္ပာယ်မရှိခဲ့ဘူး။

ကျွန်တော်ကလေ မထင်မှတ်ရသလောက် အစွဲအလမ်းသိပ်ကြီးလွန်းပါတယ်။ အရာတစ်ခုကို လွယ်လွယ်ကူကူစိတ်မဝင်စားတတ်သလို၊ စိတ်ဝင်စားမိပြီဆိုရင်လည်း အဆုံးအစွန်ထိကို‌‌ ရောက်သွားတတ်တဲ့သူမျိုး။

"အဲ့လိုဘဲ .. ကိုကိုက ကျွန်တော်ပထမဆုံးချစ်မိသူဖြစ်ပြီး နောက်ဆုံးချစ်ခဲ့သူလည်း ဖြစ်တယ်၊ ကိုကိုနဲ့ပတ်သက်သမျှအရာတွေက ကျွန်တော့်အတွက်တော့ တစ်သက်တာကမ္ဗည်းထိုးခဲ့သလိုပါဘဲ"

အခုအချိန်ထိ ဘယ်လိုအရာကိုမှ မဖျောက်ဖျက်ခဲ့‌ဖူးသလို၊ မမေ့လျော့ခဲ့ပါဘူး။ ကိုကို့,ကိုမြတ်နိုးခဲ့လွန်းလို့ ကိုကို့အပြုံးတွေကိုသာ မြင်ချင်စိတ်နဲ့ အဝေးဆုံးထိပြေးလာမိရုံပါ။

ကျွန်တော်ဘယ်လောက်ထိပဲ ကိုကို့,ကိုမက်မောခဲ့စေဦး၊ ကိုကို ကျွန်တော့်ဆီမှာမပျော်တော့တာကို အမှန်တကယ်သိလိုက်ရချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်နိုင်အောင် ဘုရားသခင်က လမ်းပြပေးခဲ့တယ်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now