Part<10>

484 32 1
                                    

Unicode+Zawgyi

SeungMin's Pov:

တိုက်ခန်းကျယ်လေးအတွင်းကို ရောက်ရောက်ချင်းပဲ ပြတင်းပေါက်ဆီအပြေးသွားပြီး လေကိုတဝကြီး
ရှူပစ်လိုက်တယ်။ အထပ်မြင့်တဲ့နေရာမို့ ဒီမြို့ရဲ့ လေကောင်းလေသန့်မှာတော့ လုံလုံလောက်လောက်ကို ပေးစွမ်းတယ်။

"လန်းဆန်းနေတာပဲ"

"သဘောကျလား"

"အင်း"

"ဘယ်ဟာကိုလဲ .. အခန်းလား၊ ကိုယ်လား ?"

ကျွန်တော်တစ်ချက်ပြုံးရယ်မိရင်း ကိုကို့ဆီကို လှည့်ကြည့်မိတယ်။

"နှစ်ခုလုံး"

"တစ်ခုပဲ ပြော"

"ဒါဆိုရင်တော့ .. အခန်းပေါ့"

မျက်နှာကြီးရှုံ့မဲ့သွားသူရယ်။
သဘောတွေ့မိတဲ့ ကျွန်တော်ရယ်။

ဒီမှာနေစဉ်တစ်လျှောက်လုံးမှာ Donghyun Hyung နဲ့အတူ အခန်းမျှသုံးခဲ့ပြီး အခုသုံးလမှာတော့ ကိုကိုကလည်း ပြင်သစ်ကိုမပြန်ဖြစ်တာမို့ ကျွန်တော့်ကိုအတူလာနေဖို့ပြောပြီး သူပဲအကုန်စီစဉ်ထားခဲ့တယ်။

ဒီမနက်တင် Donghyun Hyung ကို ကျွန်တော်တို့နှုတ်ဆက်ခဲ့ကြပြီး သုံးလတာဖြတ်သန်းဖို့အတွက် ယာယီတိုက်ခန်းလေးတစ်ခုဆီကို ရောက်နေကြပြီ။

တစ်ပတ်လောက်နေရင် အလုပ်ကိစ္စကြောင့် ကိုရီးယားကိုသုံး၊လေး,လလောက် ပြန်သွားရဦးမယ်ဆိုတဲ့ Donghyun Hyung က သူ့တိုက်ခန်းမှာပဲ ကျွန်တော်တို့မနေလို့ ပိုက်ဆံဖြုန်းတီးရာ‌ရောက်တယ်ဆိုပြီး ငြူစူလိုက်သေးတယ်။

Hyung ကတော့ သဘောထားကောင်းမြဲ ကောင်းဆဲပါပဲ။ အခုထိလည်း ကျွန်တော့်ကိုဆိုသူ့ညီတစ်ယောက်လို အလေးပေးပြီး အမြဲစောင့်ရှောက်တယ်။

အဲ့တော့ကျွန်တော်ကလည်း ကိုကိုနဲ့ပြန်အဆင်ပြေတဲ့အကြောင်းကို Hyung ကို အရင်ဆုံးပြောပြမိတာပဲ။
ပြောပြချိန်တုန်းက ကျွန်တော်ဘာလို့စိတ်လှုပ်ရှားမိလဲ
မသိဘူး။ Donghyun Hyung က ရုပ်တည်တည်ကြီးနဲ့သ‌ဘောမကျသလိုနေပြီးမှ ကိုကိုနဲ့သူ့ကိုတွေ့ပေးဖို့ ပြောလာတယ်လေ။

အုပ်ထိန်းသူဆီက ခွင့်ပြုချက်ရခဲ့သလို စိတ်သက်သာသွားတဲ့ အဲ့ဒီ့နေ့ကခံစားချက်ကို ကောင်းကောင်းမှတ်မိပါသေးတယ်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now