Part<2>

493 41 0
                                    

Unicode+Zawgyi

| Warning - Mention of some swear words |

"SeungMin ! .. Kim SeungMin !!!"

ကျွန်တော် ဒီနေ့ကျောင်းရောက်ထဲက သိပ်နေလို့မကောင်းတာနဲ့ ခေါင်းလှဲအိပ်နေခဲ့တာ။ အတန်းထဲကတစ်ယောက် ပြေးဝင်လာပြီး အလောတကြီးအော်ခေါ်လာတော့ လန့်နိုးပြီး ကောက်ထမိတယ်။

"ဘာ .. ဘာဖြစ်လို့လဲဟင်"

သူ့ပုံစံကလည်း တကယ်ကိုအမောတကောနဲ့ဖြစ်နေပြီး ကိစ္စတစ်ခုခုလည်း ရှိပုံဘဲ။

"စီနီယာ .. စီနီယာ Chris .."

"Hyung!.. Hyung ဘာဖြစ်လို့လဲ ??"

"Law က စီနီယာတွေနဲ့ ဘောလုံးကွင်းမှာ .. ရန်ဖြစ်နေကြတယ်"

"ဟာ ...!"

ကျွန်တော့်ခြေလှမ်းတွေကို မြန်နိုင်သမျှမြန်အောင်ပြေးမိတယ်။ ကျေးဇူးပြုပြီး ကိုကို့ကို ဘာမှဖြစ်ခွင့်မပေးလိုက်ပါနဲ့။

.

.

.

"ကိုကို ..!!"

ကျွန်တော်ရောက်‌တော့ အများနဲ့တစ်ယောက်ဖြစ်နေပြီး ကိုကိုက မြေပြင်မှာလဲကျရက်သား ရှိနေတယ်။ ကိုကို့ဆီထပ်ကန်တော့မယ့်သူကို ကျွန်တော်ပြေးပြီး ဆောင့်တွန်းလိုက်တော့ သူလည်း နောက်ကိုယိုင်ကျသွားတယ်။

ကိုကို့ခန္ဓာကိုယ်ကိုဆွဲထူတော့ တွေ့လိုက်ရတဲ့ မျက်နှာပေါ်ကဒဏ်ရာတွေက ကျွန်တော့်ရင်ကိုဆောင့်ကန်လိုက်သလိုဘဲ။

"အရမ်းနာ‌နေလား ! .. ကျွန်တော့်ကိုတွဲပြီး ထ"

"ရတယ် .. ကိုယ်ဘာမှမဖြစ်ဘူး မင်းဖယ်နေ"

ပါးစပ်မှာလည်းသွေးတွေပေကျံနေတောင် ကိုကိုက သူ့ပုံစံမပျက် ခေါင်းမာနေတုန်း။ မျက်ဝန်းမှာလည်း ဒေါသအရိပ်အယောင်တွေက လွှမ်းမိုးလို့။ အခုလိုအချိန်ဆို ကိုကိုဘယ်လောက်ထိ မိုက်ရူးရဲဆန်သွားနိုင်လဲ ကျွန်တော်သိတာကြောင့် ကိုကို့ကို ဒီနေရာကအမြန်ဘဲ ခေါ်ထုတ်ချင်မိတယ်။

"ဖယ်နေလို့ Kim SeungMin!!!"

ကျွန်တော်မဖယ်ပေးဘဲ သူ့အပေါ်ကအုပ်မိုးထားတော့ သူ့လက်တွေနဲ့ ကျွန်တော့်ကိုတွန်းဖယ်လာတယ်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now