Ending - Part <2>

330 29 9
                                    

Unicode + Zawgyi


Amsterdam ကနေ တစ်နာရီလောက် ရထားစီးလာလိုက်ရင် Lisse ဆိုတဲ့ မြို့ငယ်လေးဆီရောက်တယ်။ မြို့ငယ်လေးလို့သာပြောပေမဲ့ အကြီးဆုံးဘဏ္ဍာတိုက်ကြီးတစ်ခုက ဒီမြို့မှာရှိနေတယ်။ ဘာတွေစုဆောင်းထားလဲဆိုတော့ ပန်းတွေစုဆောင်းထားတာ။ 'Keukenhof' ဆိုတဲ့ ဥရောပရဲ့ ပန်းဥယျာဉ်ကြီးရယ်၊ ကျူးလစ်ပန်းခင်းတွေရယ်က ဒီမြို့‌လေးမှာရှိနေတာ။ ဒီကို ရထားရော၊ ဘတ်စ်ကားရော ၊ taxi နဲ့‌ရော သွားလာရလွယ်ကူတယ်။ ဘေဘီကတော့ ရထားနဲ့ပဲသွားမယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ။ ကျွန်တော်ကလည်းရထားပေါ့။

ရထားနဲ့လာရတာလည်း တစ်မျိုးတစ်ဖုံတော့
ကောင်းပါတယ်။ လမ်းတောက်လျှောက်က မြင်ကွင်းကောင်းကောင်းတွေကို သေချာလေးမြင်လာရတယ်။ ဘေဘီက ဒီလိုနေရာတွေမှာလည်း တော်နေပြန်တော့
အာဘွားတွေချည်းပဲ လှိမ့်ပေးလိုက်ချင်တယ်။ လမ်းတစ်လျှောက်လုံး စိတ်ကြည်လာတာကတော့ဟုတ်ပေမဲ့၊ တကယ်တမ်းလာရမယ့် နေရာကိုလည်းရောက်ရော စိတ်ကချက်ချင်းပြန်နောက်သွားတယ်။

ကျွန်တော်တို့အခုရောက်နေတာက စာရေးဆရာရဲ့အိမ်။ သူ့အိမ်က မြို့အစွန်အဖျားပိုင်းအထိ လာရတယ်။ အိမ်နဲ့အတူ ဥယျာဉ်ခြံတစ်ခုပါ တွဲရက်ရှိတယ်။ နေထိုင်မှုပုံစံကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်ရပ်တယ်လို့ ပြောရမယ်။ နေရာကတော်တော်လေးလှတဲ့အပြင် အေးချမ်းပြီးတော့ ဆိတ်ငြိမ်သေးတယ်။

အိမ်ကနှစ်ထပ်ရှိပြီး နယ်သာလန်‌အငွေ့အသက် အများကြီးမရဘဲ၊ အင်္ဂလိပ်ဗိသုကာလက်ရာမျိုးနဲ့ သွားထားတာ။ အဖြူနဲ့အနက်ကို ရောထွေးပြီးသုံးထားတဲ့ပုံစံက ရိုးရှင်းတယ်လည်းမဟုတ်၊ စနစ်တကျနဲ့ ဆွဲဆောင်မှုရှိတဲ့ထဲပါတယ်။ ‌အိမ်ပတ်လည်ကဥယျာဉ်ကလည်း သေချာပျိုးထောင်ထားပုံရပြီး၊ အိမ်နဲ့လည်း သဟဇာတဖြစ်တယ်။ ကောက်ချက်ချရ,ရင်တော့ လှလှပပနဲ့ကျကျနန တည်ဆောက်ထားမှုမျိုးပေါ့။

ခြံထဲရောက်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အသင့်ရပ်စောင့်နေတယ်။ မှန်းတာမလွဲရင်‌တော့ ဟိုစာရေးဆရာပဲဖြစ်လိမ့်မယ်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now