Ending - Part <1>

425 29 2
                                    

Unicode + Zawgyi

ဆူညံမှုလွှမ်းတဲ့ ကားဟွန်းသံတွေနဲ့၊ ပျားပန်းခတ်လှုပ်ရှားသွားလာတတ်တဲ့ လူနေထူထပ်မှုမျိုး ဒီမြို့မှာမရှိလို့ထင်တယ်။ နိုးထရတဲ့မနက်ခင်းတိုင်းဟာ ဆိတ်ငြိမ်ပြီး‌ အေးချမ်းတယ်။

ကျွန်တော်နိုးနေတာ မိနစ်ပိုင်းလောက်တော့ရှိပြီဆိုပေမဲ့ အိပ်ရာပေါ်မှာပဲ ခွေခေါက်နေမိတုန်း။ အနားယူတာများသွားတဲ့ခန္ဓာကိုယ်က ပိုပြီးလေးလံတတ်တယ်ဆိုတာ အခုမှသိတော့တယ်။

သွားသွားလာလာနဲ့ ဆက်တိုက်အလုပ်များနေပြီးမှ ရုတ်တရက်ရပ်တန့်လိုက်တဲ့ အခိုက်ဆိုတော့လည်း ပျင်းရိတာမျိုးက ဖြစ်တတ်ပါတယ်ပေါ့။ ဒါတင်မကပဲ နောက်တစ်ခုက မနက်ခင်းလာနှိုးတဲ့သူမလာမချင်း၊ ပေကပ်ပြီးကွေးနေမိတာ အကျင့်ပါသွားပြီထင်တယ်။

နာရီကိုလှမ်းကြည့်တော့ ထမှဖြစ်‌‌တော့မယ့် အချိန်ရောက်နေပြီ ဆိုတာလည်းသိတယ်။ ဒါပေမဲ့ ကျွန်တော်မထဘူး။

ဒီလိုမျိုးဆက်ပြီးအိပ်နေလိုက်လည်း သုံးစက္ကန့်အတွင်းမှာ သူရောက်လာတော့မယ်ဆိုတာ သိနှင့်ပြီးသားမို့ ခပ်ညစ်ညစ်ပြုံးမိရင်း ဘေးကခေါင်းအုံးဖြူဖြူကို ပြန်ပွေ့ပိုက်ထားလိုက်တယ်။ မဆိုစလောက်စက္ကန့်လေးကိုလည်း စိတ်ထဲက ရေတွက်နေလိုက်တယ်။

တစ်စက္ကန့် ... နှစ်စက္ကန့် ... သုံးစက္ကန့် ။

ကျွီ ~~ ။

တံခါးဖွင့်သံနဲ့အတူ ကပ်ပါလာတဲ့ ချယ်ရီနံ့ဖျော့ဖျော့လေး။ ကျွန်တော့်ကလေးငယ်က အေးချမ်းစွာနဲ့ ဝင်ရောက်လာပါပြီ။ ဒီအခိုက်အတန့်မှာ ကျွန်တော့်မျက်လုံးတွေကိုတော့ အိပ်မောကျသယောင် မှိတ်ထားမိတုန်း။ ကျောလည်းပေးထားတာကြောင့် ထုံးစံအတိုင်း တစ်ဖက်အကွယ်က ကျွန်တော့်ရဲ့ငါးခူပြုံးကြီးကိုတော့ Seung က ရိပ်စားမိမှာမဟုတ်ဘူး။

"ကိုကို .."

"‌ဗျာ ~~~"

သကြားရည်တွေ သွန်ကျလာသလိုမျိုးစိတ်ခံနဲ့ တိတ်တဆိတ်အကျယ်ကြီး အော်ထူးပစ်လိုက်တယ်။

"ကိုကို"

Seung ငယ်အသံက ချိုသာပြီးတော့ တည်ငြိမ်တယ်။ ဒီအသံလေးက ရစ်တွယ်ရာဆိုလည်း ဟုတ်တယ်။ အဲ့တော့ ကျွန်တော့်နာမ်စားကို နှစ်ခါလောက်လေးသဲ့သဲ့ခေါ်ရုံနဲ့ Chris ဆိုတဲ့ကောင်က ကျေနပ်မတဲ့လား အဟက် ~ ။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now