Part<7>

491 33 8
                                    

Unicode+Zawgyi

SeungMin's Pov :

"ကိုကို"

စိတ်ထဲကသာ ရေရွတ်မိလိုက်ပေမယ့် နှုတ်ကထွက်မကျလာတဲ့နာမ်စား။

'အခုကျွန်တော့်ရှေ့မှာ ကိုကိုရပ်နေတယ်'

ကိုယ်အမြတ်တနိုးနဲ့ တန်ဖိုးအထားရဆုံး ပစ္စည်းလေးတစ်ခုပျောက်ရှသွားတဲ့အခါ ချက်ချင်းပြန်ရှာမဖွေနိုင်ဘဲ၊ အချိန်တွေကြာမှ မထင်မှတ်ဘဲ ပြန်ရှာတွေ့လာတဲ့ခံစားချက်က တကယ်ပဲဝမ်းသာဖို့ကောင်းလွန်းတယ်မလား။

ဒါပေမဲ့ကျွန်တော့်အတွက်တော့ အဲ့လိုဟုတ်မနေဘဲ .. ဘာကြောင့်များ ဝမ်းနည်းသွားရသလဲ။

နှစ်တွေကြာပြီးမှ ကိုကို့မျက်နှာကိုပြန်မြင်လိုက်ရတဲ့အခိုက်အတန့်မှာ ကျွန်တော့်နှလုံးသားတစ်စုံဟာ
ကွဲကြေလုမတတ်ကို ခုန်ပေါက်ပြေးလွှားနေတယ်။

ဟိုအရင်တစ်ချိန်က ကျွန်တော့်နှလုံးသားထဲ အပြာရောင်ပန်းတစ်ပွင့်ကို ပျိုးထားခဲ့ဖူးတယ်။ အဲ့ပန်းလေးကြောင့် ကျွန်တော်နာမကျန်းလည်း ဖြစ်ဖူးတယ်။ ဒါပေမဲ့ အချိန်တစ်ခုရောက်လာတော့ ပြန်ကုစားနိုင်ခဲ့ပြီး အဲ့ပန်းလေးကိုလည်း မစွန့်လွှတ်နိုင်တာနဲ့ 'သူ့အတိုင်းလေးဘဲ ကျွန်တော့်နှလုံးသားထက်မှာရှိစေတော့' လို့ ပကတိအတိုင်း စိုက်ပျိုးထားခဲ့လိုက်တယ်။

'ရေမလောင်းဖြစ်ဘူး၊ ပေါင်းမသင်ဖြစ်ဘူး .. ဒါပေမဲ့ သူကရှင်သန်နေဆဲဘဲ'

သူ့အတွက်ပြန်ကြည့်လိုက်ရင် တခြားပန်းတွေကိုလည်း အဖော်အဖြစ် ကျွန်တော််ပျိုးမပေးခဲ့သလို၊ တစ်ပွင့်ထဲအထီးကျန်ဆန်နေမလားလို့လဲ ကျွန်တော်မတွေးခဲ့မိဘူး။

'ကျွန်တော်ရှင်သန်နေသရွေ့ သူလည်းဘဲရှင်သန်နေမယ်ပေါ့'

'ကျွန်တော်မသေဆုံးသရွေ့ သူလည်းသေဆုံးမသွားဘူးပေါ့'

အဲ့အတိုင်းတစ်သက်လုံး ရင်ထဲမှာဘဲသိမ်းဆည်းပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။

အခုတော့ ကျွန်တော့်ရဲ့အပြာရောင်ပန်းလေးက မသိလိုက်ခင်မှာဘဲ ကျွန်တော့်ရှေ့တည့်တည့်ကို သူကိုယ်တိုင်ကြွေကျလာတယ်။

Dearest Blue (ChanSeung-mm fanfic)Where stories live. Discover now