Unicode+Zawgyi
Author's Pov :
လေးလံနေသော မျက်ခွံအစုံကို အားပြုပြီး ဖြေးဖြေးချင်းဖွင့်ဟလိုက်ရင်း ဘေးဘီဝဲယာသို့ကြည့်မိတော့ သူ၏နားတွင် Donghyun ရှိနေသည်။
“ဘယ်လိုနေလဲ အဆင်ရောပြေရဲ့လား Minnie”
သူ့ရှေ့တွင် အချိန်ခဏအတွင်းကို ဖျော့တော့သွားသည့် SeungMin အား စိုးရိမ်တကြီးဖြင့် မေးလာသည်။
“ပြေပါတယ် Hyung”
အသံယဲ့ယဲ့မှာ ကြားရုံဆိုသလောက်သာ။
“မသက်သာရင်ပြောနော် ကိုယ်တို့ဆေးရုံသွားမယ်”
“ကျွန်တော်သက်သာပါတယ် .. ဘာမှမဖြစ်တော့ပါဘူး”
Donghyun ရဲ့ မျက်နှာပေါ်တွင်တော့ ပူပန်မှုဟာ အတိုင်းသားစွဲကပ်နေသေးသည်။
“နေ့လည်ထဲက မင်းသတိမရလာတာ .. nurse ကတော့ လိုအပ်တာလုပ်ပေးပြီး ဆေးသွင်းထားတဲ့အရှိန်ကြောင့် မင်းမနိုးလောက်သေးဘူးပြောလို့ ကိုယ်စောင့်နေလိုက်တာ”
“ညနေတောင်စောင်းနေပြီဘဲ Hyung .. ဘာလို့ဒီမှာရှိနေတာလဲ .. အလုပ်တွေကရော”
“ကိုယ့်အလုပ်ကအရေးမကြီးဘူး အဲ့အတွက်စိတ်မပူပါနဲ့”
“ကျွန်တော့်ကိုဒီကိုလာပို့ပေးလို့ ကျေးဇူးတင်ပါတယ် Hyung”
“ကျန်းမာရေးကိုသာဂရုစိုက်ပါ Minnie .. Hyung မင်းကိုစိတ်ပူတယ်”
“ကျွန်တော်ဒီရက်ပိုင်း အိပ်ရေးနည်းနည်းပျက်သွားရုံပါဘဲ”
“မင်းကတစ်ယောက်ထဲနေရတာလေ ဒါကြောင့်အစစအရာရာ ဂရုစိုက်ပြီးတော့နေသင့်တယ် .. အထူးသဖြင့် စားချိန်အိပ်ချိန်မှန်ဖို့ဘဲ .. ဘယ်လောက်ဘဲ အလုပ်တွေများနေခဲ့ဦး၊ ကိုယ့်ကျန်းမာရေးတော့ ကိုယ်ဂရုစိုက်ရမယ်၊ Hyung ပြောတာကို နားထောင်နော်”
SeungMin ခေါင်းသာသာညှိတ်ပြလိုက်သည်။
“နောက်ပြီး တစ်ခုခုဖြစ်ရင်လည်း Hyung ကို
အချိန်မရွေး လာပြောဖို့မမေ့နဲ့”“ဟုတ်ကဲ့ပါ Hyung”
“Minnie ဘာမှလည်းမစားရသေးဘူး .. အရင်ဆုံး တစ်ခုခုသွားစားရအောင်လား .. ပြီးမှ Hyung အိမ်ပြန်လိုက်ပို့ပေးမယ်”
YOU ARE READING
Dearest Blue (ChanSeung-mm fanfic)
Fanfiction'It hurts .. but I love it' • ChanSeung Myanmar Fanfiction • Short Story