Unicode+Zawgyi
နှစ်ပတ်ခန့်ကြာသော် ။
ပြတင်းပေါက်အပြင်ဘက်မှတိုးဝှေ့လာသည့် ညင်သာတဲ့လေထုကြောင့် ဖြူလွင်လွင်လိုက်ကာစလေးနှစ်ဖက်က ညှင်းသွဲ့သွဲ့သာ လှုပ်ခါလို့နေသည်။
အိပ်ရာပေါ်တွင်ဘဲအတိုင်းသား လဲလျောင်းနေခဲ့သည်မှာလည်း တစ်နာရီလောက်ပင်ရှိတော့မည်။
နိုးစထဲက အပြာနုရောင်အခန်းပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်နေမိရုံကလွဲလို့၊ ပြတင်းတံခါးအပြင်ဘက်က ပျံသန်းသွားတဲ့ငှက်ငယ်တွေနဲ့ ကောင်းကင်ပြာဆီ ငေးမျှော်ကြည့်မိရုံကလွဲလို့ ကျန်တာမရှိ။
ဒီနေ့ဟာ သူတစ်ဘဝလုံးမြတ်နိုးရသူရဲ့စေ့စပ်ပွဲနေ့။
စာအိတ်တစ်ခုအတွင်းကနေ ထွက်ရုံဆိုသလောက်လေး လှမ်းမြင်နေရသည့် စေ့စပ်ခြင်းအတွက် ဖိတ်ကြားခြင်းကဒ်ပြားလေးတစ်ခုက စာရေးခုံပေါ်မှာကြော့ရှင်းစွာ။
မနေ့ထဲက သူဖွင့်ဖတ်ကြည့်ခဲ့ပြီးပြီ။
စိတ်ခန္ဓာတွေလည်း ပြိုလဲပြီးပြီ။ မျက်ရည်တွေလည်း ခမ်းခြောက်ပြီးပြီ။
မလွှတ်ချချင်မိတဲ့ စွဲလမ်းခြင်းရဲ့ပုံဆောင်ခဲတွေကိုလည်း သူထုချေခဲ့လိုက်ပြီ။
မျှော်လင့်ချက်ခပ်ရေးရေးတွေကိုလည်း ဖျက်ပစ်ပြီးပါပြီ။
ချစ်သောရဲ့ကျောပြင်ကျယ်ကိုလည်း အဝေးတစ်နေရာကနေငေးကြည့်လို့ နှုတ်ဆက်ခဲ့ပြီးပြီ။
မနေ့ထဲက သူ၏နှလုံးသား၊ သူ၏စိတ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို သော့ခတ်သိမ်းဆည်းလို့ ပြီးဆုံးသွားခဲ့ပါပြီ။
.
.
.
.
SeungMin's Pov :
မနေ့က ကျွန်တော့်ဆီကို ကိုကိုသူမနဲ့အတူ ရောက်လာတယ်။ သပ်သပ်ရပ်ရပ်အနက်ရောင်ဖိတ်စာလေးတစ်စောင်ကိုလည်း ကျွန်တော့်ဆီပေးခဲ့တယ်။
'ကိုကို မင်းကိုလာစေချင်တယ်'တဲ့။
ခွင့်ပြုခဲ့ပြီး ကိုယ်တိုင်အသုံးပြုခဲတဲ့ နာမ်စားတစ်ခုကို သူမရှေ့မှာတင် ကျွန်တော့်နားနဲ့ဆက်ဆက်ကြားလိုက်မိတာဘဲ။
YOU ARE READING
Dearest Blue (ChanSeung-mm fanfic)
Fanfiction'It hurts .. but I love it' • ChanSeung Myanmar Fanfiction • Short Story