five

167 37 2
                                    

Zawgyi~

ရာသီတွင်​အလီလီ၊ည​​တွေအလီလီ ကုန်​ဆုံးပြီး၊​ပြောင်းလဲအပြီးတွင်​​တော့ ​ဆော့ဂျင်​အသက်​နှစ်​ဆယ့်​သုံးနှစ်​အရွယ်​​ယောက်ျားသားတစ်​ဥိးအဖြစ်​ ကြီးပြင်းလာ​လေပြီ။ခြေလှမ်းတိုင်းသည်​ တက်​ကြွ​နေဖြစ်​ပြီး ​တော်​ဝင်​​သွေးဆီသို့ချည်းကပ်​ရန်​ ဦးရိးနှင့်​အစီအစဉ်​​တွေစတင်​​ရေးဆွဲ​နေဖြစ်​​လေပြီ။လက်​ရှိတွင်​​တော့ ဦးရီးနှင့်​အတူ သူ​ဆေးဆရာတစ်​ဦးအဖြစ်​​ကျေးရွာအတွင်းမှလူများအားကိုးရ​​သောလူ​တွေထဲအပါအဝင်​ဖြစ်​​နေ​လေပြီ။

ဆော့ဂျင်​ဟုဆိုသည်​နှင့်​ ထက်​မြက်​ပြီးရဲရင့်​လှ​သော​၊​ကျေးရွာအတွင်းအားကိုးရ​သော​ဆေးဆရာ​လေးဟု သတ်​ကြိးပိုင်းလူကြီး​တွေတန်းမြင်​ကြ​လေသည်​။ဆံနွယ်​​ကောက်​​ကောက်​​တွေ၊မျက်​ဝန်းညိုညို​တွေနှင့်​အပြုံးအရယ်​မရှိ​သော ​ဆော့ဂျင်​သည်​​တော့ ​​ကျေးရွာအတွင်းရှိမိန်းမငယ်​များ၏အိပ်​မက်​နှင့်​ပင်​ဆင်​တူ​လေသည်​။

ဆော့ဂျင်​၏အငြှိုး​တွေသည်​သိပ်​ကြီးပါသည်​။လွန်​ခဲ့​သောတစ်​ဆယ့်​သုံးနှစ်​...ထိုသို့ကြာမြင်​ခဲ့ချိန်​တွင်​​တော့ သူ့အငြှိုးများကိုငြှိမ်းမသတ်​ဖြစ်​ခဲ့​ပေ။ငြှိမ်းသတ်​မည်​လည်းမဟုတ်​ပါ​ပေ။တော်​ဝင်​မျိုးနွယ်​​တွေ...ကြီးမြတ်​လှပါ​သောအင်​ပါယာ၏ကိုးကွယ်​ရာ​တွေ၏အသက်​ဟုပင်​သမုတ်​​သော "ကင်​မ်​"မျိုးဆက်​​ကြောင့်​နှင့်​ သူတို့ကျခဲ့ရ​သောမျက်​ရည်​​တွေထက်​၊ရင်းခဲ့ရ​သောမမ၏ဘဝထက်​ အဆ​ပေါင်းများစွာသာလွန်​​အောင်​ ဖျက်​ဆီးပစ်​မည်​။

ဦးရီးအသက်​အရွယ်​ရလာသည်​နှင့်​အမျှ ​တောအုပ်​အတွင်းသူတစ်​ဦးတည်းသွားဖြစ်​​သောရက်​များလည်းရှိလာ​လေသည်​။လီယို့အတွက်​ သစ်​​စေ့​တွေကုန်​​နေပြီဖြစ်​၍ သူသစ်​​စေ့ရှာရန်​တောအုပ်​အတွင်းဝင်လာရာမှ ​အ​တော်​ခရီး​ပေါက်​ပြီး ​တောနက်​လာခဲ့သည်​။

လီယိုဟုနာမည်​​ရေးထား​သောဘူး​လေးကိုအသာဆုပ်​ရင်း သူ့ထံတွင်​လက်​နက်​တစ်​စုံတစ်​ရာမပါခဲ့မှန်းသတိဝင်​သည်​။သာမာန်​ဆိုလျှင်​ လက်​ထဲတွင်​ဓားချွန်​က​တော့အမြဲပါတတ်​သည်​။သား​ကောင်​​​တွေနှင့်​ထိပ်​တိုက်​​တွေ့လျှင်​တိုက်​ခိုက်​ရန်​အလိုငှါ​ပေါ့။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now