eighteen

199 28 28
                                    

Zawgyi ~

နေမွန်းတည့်​ချိန်တွင်​ အ​ဆောက်​အဦး​ဟောင်းကြီ၏အခန်းငယ်​​ရှေ့သို့ ​တော်​ဝင်​ရထားလုံးတစ်​စင်းစိုက်​​ရောက်​လာ​လေသည်​။အတွင်းတွင်​ ​ဆော့ဂျင်​နှင့်​အတူ​ဟေလီပါ,ပါလာခဲ့သည်​။ရထားလုံး​မောင်းသူနှင့်​အတူသက်​​တော်​​စောင့်​တစ်​ဦးပါအရှင်​ထည့်​​ပေးလိုက်​​သေးသည်​။ပြောရလျှင်​​တော့ သူတို့အကုန်​အရှင့်​လူများဖြစ်​ကြသည်​။

အ​ဆောက်​အဦးသို့မ​ရောက်​ခင်​လမ်းမှာပင်​ချ​ပေးရန်​​ပြော​သော်​လည်း ဒီအထိလိုက်​ခဲ့​သောအရှင့်​လူ​တွေ​ကြောင့်​ ​ဆော့ဂျင်​စိတ်​​တွေ အလွန်​ညီးညူး​နေ​လေပြီ။ဦးရီးအား လူ​တွေ့မခံချင်​ပါ။ဦးရီးထံသူလာသည်​နှင့်​ အကြံအချို့တွင်​ဦးရီးပါဝင်​မှန်း အရှင်ခန့်​မှန်းသိရှိနိုင်​လိမ့်​မည်​။သူ့အပြင်​တစ်​ခြားလူဆိုလျှင်​ သတ်​ပစ်​ပြိးပြီဟု အရှင့်​စကားကိုသူပြန်​လည်​ကြား​ယောင်​မိတိုင်း ဦးရီးအတွက်​သူသိပ်​စိုးရိမ်​သည်​။

အခန်းပြတင်း​ပေါက်​များမှ နဂါး​ခေါင်းတံဆိပ်​ပါ​သောရထားလုံး​ကြောင့်​ မရဲတရဲကြည့်​​နေကြသူများအား သူလှည့်​ကြည့်​မ​နေနိုင်​ဘဲ ဦးရီး၏အခန်းတံခါးကိုလျင်​မြန်​စွာ​ခေါက်​မိသည်​။

"မင်းတို့ အပြင်​မှာပဲ​နေခဲ့ ..."

"အရှင့်​သားအမိန့်​ပါ,ပါတယ်​ .."

ဟေလီသည်​သူ့အမိန့်​ကိုနာခံ​သော်​လည်း ​ဓားရှည်​ကိုမြဲမြံစွာဆွဲကိုင်​ထား​သောသက်​​တော်​​စောင့်​သည်​​ပေကပ်​စွာရပ်​​နေလျက်​ရှိသည်​။ဆော့ဂျင်​​လေပူတစ်​ချက်​ကိုမှုတ်​ထုတ်​မိပြိး​နောက်​ တံခါးဖွင့်​လာ​သောဦးရီးကို​တွေ့လိုက်​ရသည်​။

"ဂျင်​ငယ်​ .."

တုန်​ရင်​သွား​သောဦးရီး​စကားသံကိုကြားလိုက်​ရပြီး​နောက်​ ပုံမှန်​အတိုင်းပဲ​ပွေ့ဖက်​ခံလိုက်​ရသည်​။ဆော့ဂျငိ​ခေါင်း​မော့သွားမိပြီး ဦးရီးပခုံးထက်​​မေးတင်​လိုက်​မိသည်​။သူ့ထက်​အရပ်​မြင့်​​သော ဦးရီးထံမှအသက်​ရှူသံပြင်းပြင်းများအရ အလွန်​ပင်​အံ့သြတကြီးရှိသွားမှန်း ​ဆော့ဂျငိသိရှိသည်​။ဦးရီးဒီလိုပဲဖြစ်​​စေချင်​​နေခဲ့တာပဲမဟုတ်​လား ..။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now