twenty-two

170 29 40
                                    

Zawgyi~

အရှင်​မင်းမြတ်​ကင်​မ်​နတ်​ရွာစံပြီးရက်​သတ္တပတ်​တစ်​ခုအကြာတွင်​ အိမ်​​ရှေ့စံမင်းမြတ်​၏ရာဇသရဖူလွှဲ​ပြောင်းယူခြင်း ဘိသိပ်​မင်္ဂလာသို့​ရောက်​ရှိလာခဲ့သည်​။ဧကရာဇ်​နိုင်​ငံ​တော်​တစ်​ခုလုံး အရှင့်ရင်​ခွင်​အတွင်းဝယ်​​တရားဝင်​​ရောက်​ရှိ​တော့မည့်​​နေ့ဖြစ်​ရာ အင်​ပါယာတစ်​လွှားမှ ပြည်​သူ၊ပြည်​သားများ​ပီတိဖြာရ​သော​နေ့မြတ်​မင်္ဂလာလည်းဖြစ်​​ချေသည်​။

ဆော့ဂျင်​အ​ဆောင်​၏ပြတင်းဝတွင်​ထုံးစံအတိုင်းပဲထိုင်​​နေခဲ့ပြီး လွန်​ခဲ့​သောရက်​သတ္တပတ်​အတွင်းကကဲ့သို့ပင်​ မျက်​ဝန်းညိုများသည်​​ဆောက်​တည်​ခြင်းကင်းမဲ့​သောအသွင်​ကို​ဆောင်​​နေ​လေသည်​။ဦးရီးထံသို့လည်းသူမသွားဖြစ်​ခဲ့ဘဲ ဒီအ​ဆောင်​အတွင်း၌သာသူအမြဲဤကဲ့သို့ရှိ​နေဖြစ်​ခဲ့သည်​။

နှလုံးသားတွင်​တနင့်​နင့်​ဖြစ်​​နေခြင်းသည်​ နာကျင်​မှုဟုပင်​ဆိုရ​လောက်​​လေသလားဟုသူ​တွေးမိသည်​။ဆံနွယ်​​ကောက်​​ကောက်​တို့သည်​ သူတို့၏ထုံးစံအတိုင်းသူ့မျက်​နှာနုနုထက်​သို့​ဝေ့ဝဲကာကျ​နေလျက်​ရှိသည်​။အမူအရာကင်းမဲ့​သောမျက်​နှာထားဖြစ်​​နေ​သော်​လည်း မျက်​ဝန်းအတွင်းအရည်​​တွေခနခန​ဝေ့လာလို့ပုတ်​ထုတ်​ပစ်​ရ​သေးသည်​။

မျက်​လုံးကလည်းဘယ်​လိုအမှုန်​​တွေဝင်​မှန်းမသိ။
ရင်​ဘက်​ကလည်း သူလည်းသိပ်​မသုံး​ဆောင်​ပါလျက်​ ဘယ်​လို​တွေနင့်​နင့်​​နေမှန်းလည်းမသိမိ​တော့ပါ။

သူမုန်း​သည်​ဟုတစ်​သက်​တွင်​ဟစ်​​ကြွေးခဲ့သည့်​လူကို မ​တွေ့ရလို့၊စကားမ​ပြောရလို့ပါတဲ့..။သူ့ကိုအရှင်​ပစ်​ပယ်​ထားလို့ဖြစ်​​နေရသည့်​ခံစားချက်​များပါတဲ့..။ရူးမိုက်​ခြင်း​တွေသည်​မည်​သည့်​​နေရာမှမြစ်​ဖျားခံလာခဲ့သလည်းမသိပါ။သိလည်းမသိချင်​ပါ။

"ကိုယ်​လုပ်​​တော်​ ..အရှင့်​နန်းတက်​ပွဲကိုတက်​​ရောက်​ရမယ်​လို့ မိန့်​ပါတယ်​ .."

"မတက်​ဘူး .."

"ဒါ ဒါ​ပေမယ့်​ အရှင့်​အမိန့်​မလို့-"

BLUE BLOOD { NamJin } Completed !!!Tempat cerita menjadi hidup. Temukan sekarang